အင်္ဂလန် ပရီးမီးယားလိဂ်က အာဆင်နယ်အသင်းဟာ လူမှုရေးကွန်ရက် တွစ်တာမှာ နောက်လိုက် ၅ သန်းအထိ ရှိသွားတဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် ကလပ် ဖြစ်လာပါတယ်။

စပိန် လာလီဂါက ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာပြီးတဲ့နောက် တတိယမြောက် နောက်လိုက် အများဆုံး ကလပ်အသင်း ဖြစ်ပါတယ်။
ကလပ် မီဒီယာ အုပ်စုက စီမံခန့်ခွဲရေး အယ်ဒီတာ ရစ်ချတ် ကလပ်ကတော့ ကမ္ဘာတ၀န်းက အာဆင်နယ်ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ အတွက် ၀မ်းသာမိတယ်လို့ ပြောပါတယ်။
ဒါပေမယ့် တနေ့ကို နောက်လိုက် ၄ ထောင်ရှိတဲ့ မန်ချက်စတာ ယူနိုက်တက် ကလပ်အသင်းက တနေ့ကို နောက်လိုက် ၂၄၀၀ ရှိတဲ့ အာဆင်နယ်ကို ကျော်တက်သွားဖို့ ရှိနေပါတယ်။
အာဆင်နယ်အသင်းကတော့ တွစ်တာကို ၂၀၀၉ ခုနှစ် ဧပြီစတင် အသုံးပြုခဲ့တာ ဖြစ်သလို မန်ယူကတော့ ၂၀၁၂ ခုနှစ် ဧပြီမှ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းကတော့ တွစ်တာမှာ နောက်လိုက် ၄.၈၅ သန်းရှိနေပါတယ်။
အာဆင်နယ်အသင်းက အိုဇေလ်းကတော့ တွစ်တာမှာ နောက်လိုက် ၈.၅၉ သန်းရှိပါတယ်။ မန်ယူအသင်းက ကစားသမား ရွန်နီကတော့ အောက်တိုဘာလအထိ နောက်လိုက် ၁၀ သန်းရှိတဲ့ ပရီးမီးယားလိဂ်က ပထမဆုံးသော ကစားသမား ဖြစ်လာပါတယ်။