တိုက်စစ်မှူး ရော်နယ်ဒို ရုပ်တု ဇာတိမြို့တွင် ဖွင့်လှစ်

ဓာတ်ပုံ - sportsmole.co.uk
1.7K
[caption id="attachment_74742" align="alignright" width="421"]
ဓာတ်ပုံ - sportsmole.co.uk[/caption]
ပေါ်တူဂီအသင်နဲ့ ရီးရဲလ် မက်ဒရစ်အသင်း တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ရုပ်တုကို သူ့ရဲ့ ဇာတိ ဖန်ချယ်လ် မြို့မှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။
ရုပ်တုရဲ့ ကိုယ်နေဟန်အရ ရော်နယ်ဒိုရဲ့ အမှတ်အသား ဖြစ်တဲ့ ဖရီးကစ် ကန်တော့မယ့် ပုံစံမျိုး ထုလုပ်ထားတာဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၁ ရက်နေ့ အစောပိုင်းမှာပဲ ရော်နယ်ဒိုကို ဒေသလွှတ်တော်က အမြင့်ဆုံး ဆုတံဆိပ်ကို ချီးမြှင့်ခဲ့ပါတယ်။
ဖန်ချယ်လ်မြို့ဟာ ရော်နယ်ဒိုရဲ့ ဇာတိမြို့ဖြစ်လို့ လူသိများတာအပြင် ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းနဲ့လည်း ကျော်ကြားပါတယ်။
မာဒိုင်ရာ ကျွန်းပေါ်မှာ တည်ရှိပြီး ဒီကျွန်းဟာ ဇီဝမျိုးစိတ်တွေ ပေါကြွယ်ဝတာနဲ့ အရသာထူးတဲ့ ငှက်ပျောသီးနဲ့ ၀ိုင်ကောင်းကောင်း ရတဲ့ မြို့အဖြစ် ထင်ရှားပါတယ်။