ဘောလုံးအကျော်အမော် နေမာ ဆင်းရဲသားကလေးငယ်များအတွက် စင်တာဖွင့်လှစ်

2.7K
ဘရာဇီး ဘောလုံးအကျော်အမော် နေမာက ဆင်းရဲသား ရပ်ကွက်မှာ လူငယ်စင်တာတခုကို ဒီဇင်ဘာ ၂၃ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။
နေမာ ဂျူနီယာ ပရောဂျက် အမည်နဲ့ ဆင်းရဲသား ကလေးငယ်တွေအတွက် ပညာရေး အထောက်အပံ့နဲ့ အားကစားမှာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ပြီး ပရိုင်ယာ ဒရန်ဒီ ဆင်းရဲသား ရက်ကွက်မှာ ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်၊၊
ဘရာဇီး အသင်းနဲ့ ဘာစီလိုနာ အသင်း ကစားသမား နေမာက အခုလို ကူညီနိုင်တဲ့အတွက် ၀မ်းသာတယ်လို့ ပြောပါတယ်။
သူ့အသက် ၁၁ နှစ်အရွယ်မှာ ဘောလုံးသမားဘ၀ကို စတင်တဲ့အချိန်က အခု လူငယ်စင်တာဖွင့်တဲ့ နေရာကနေ နှစ်လမ်းကျော်မှာ နေထိုင်ခဲ့ဖူးတယ်လို့ နေမာက ပြောပါတယ်။
လူငယ် စင်တာဟာ အသက် ၇ နှစ်ကနေ ၁၄ နှစ်ကြား ကလေးငယ် ၂၃၀၀ တက်ရောက်နိုင်မှာ ဖြစ်ပြီး သူတို့ မိသားစုတွေကို ထောက်ပံ့ပေးနိုင်မယ့် အစီအစဉ်တွေကို သင်ကြာပေးဖို့ လည်း ရည်ရွယ်ပါတယ်၊၊
ဆင်းရဲသား ကလေးငယ်တွေဟာ အတန်းပညာမှာ တော်ရုံမက၊ ဘက်စကက်ဘော၊ ဂျူဒိုနဲ့ တခြား အားကစားဘက်မှာလည်း ထူးချွန်လာအောင် ကျောင်းချိန်ပြင်ပ လေ့ကျင့်ပေးဖို့ ဖြစ်ပါတယ်။
