A d v e r t i s e m e n t With Us

ကျူနီးရှား လွှတ်တော်ဥက္ကဋ္ဌဟောင်း သမ္မတရွေးကောက်ပွဲ အနိုင်ရ

တနင်္ဂနွေနေ့က ကျူနီးရှားနိုင်ငံမှာ ပထမဆုံး လွတ်လွတ်လပ်လပ်ကျင်းပခွင့်ရတဲ့ သမ္မတရွေးကောက်ပွဲမှာ အာဏာရှင်ဘင်အာလီလက်ထက်က လွှတ်တော်ဥက္ကဋ္ဌဟောင်းက အနိုင်ရရှိသွားပါတယ်။ Essebsi, leader of Tunisia's secular Nidaa Tounes party and a presidential candidate, gestures after casting his vote at a polling station in Tunisအသက် ၈၈ နှစ်အရွယ် အက်စပ်စီ က မဲရလဒ် ၅၅.၆၈ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့ပြီး ပြိုင်ဖက် ယာယီသမတ မာဇူကီ ကတော့ မဲရလဒ် ၄၄.၃၂ ရာခိုင်နှုန်း ရရှိခဲ့တာပါ။ နိုင်ငံတောင်ပိုင်းက ဟမ်မာမြို့မှာတော့ ရွေးကောက်ပွဲမဲရလဒ်ကို လက်မခံတဲ့ ဒေသခံတွေရဲ့ အဓိကရုန်းတွေ ဖြစ်ပွားခဲ့ပါသေးတယ်။ အရင် အာဏာရှင် ဘင်အာလီလက်ထက်က လက်ဟောင်းခေါင်းဆောင်က အနိုင်ရရှိခဲ့တာဆိုပြီး စွပ်စွဲခဲ့ကြတာပါ။ အက်စပ်စီ ကတော့ သူအနိုင်ရခဲ့တာဟာ အရင်အာဏာရှင်စနစ်ဆီ ပြန်လှည့်သွား လိမ့်မယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ငြင်းဆန်ခဲ့ပါတယ်။ သူဟာ အာဏာရှစ်စနစ် နှစ်ပေါင်း ၃၀ အတွင်း ပျက်စီးယိုယွင်းသွားတဲ့ ကျူးနီးရှားနိုင်ငံက လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးသမားလို့ ပြောဆိုတာပါ။ ကျူနီးရှားနိုင်ငံဟာ ၂၀၁၁ ခုနှစ်က အာဖရိကမြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ အာရပ်နွေဦးတော်လှန်ရေး ပထမဆုံး ဖြစ်ပွားခဲ့တဲ့နိုင်ငံဖြစ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up