တရုတ်သမ္မတဟောင်း ဟူကျင်တောင်ရဲ့ ထိပ်တန်းအကြံပေးတဦးကို အဂတိလိုက်စားမှုနဲ့ စတင်စုံစမ်းနေပြီလို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းစာက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

သမ္မတရဲ့ ထိပ်တန်းအကြံပေး လင်း ဂျီဟွာကို ပါတီစည်းကမ်း ဥပဒေ ချိုးဖောက်မှုနဲ့လို့ စွပ်စွဲပေမယ့် အများစုကတော့ လာဘ်ပေးလာဘ်ယူမှုနဲ့ အဂတိလိုက်စားမှုဖြင့် စွပ်စွဲခဲ့တာပါ။
၂၀၁၂ ခုနှစ်က ပီကင်းမြို့တော်မှာ ကမ္ဘာ့ဈေးအကြီးဆုံးစာရင်းဝင် ဖယ်ရာရီ စပို့စ် ကားတိုက်မှုနဲ့ သားဖြစ်သူ သေဆုံးသွားပြီးနောက်ပိုင်းမှာ သမ္မတရဲ့ ထိပ်တန်းအကြံပေးရာထူးကနေ လျော့ချခံခဲ့ရတာပါ။
အဲဒီအချိန်မတိုင်ခင်အထိ တရုတ်ကွန်မြူနစ်ပါတီရဲ့ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဖြစ်ဖို့ တစ်ပေးခံခဲ့ရသူလည်း ဖြစ်ပါတယ်။
သားဖြစ်သူရဲ့ ယာဉ်တိုက်မှုကြောင့် ဗဟိုကော်မတီဝင် မဖြစ်တော့ပဲ အဓိကမကျတဲ့ ဌာနတခုရဲ့ ဌာနမှူးအဖြစ် ပြောင်းရွှေ့ ခန့်ထားခံခဲ့ရပါတယ်။
ကားတိုက်မှုမှာ တခြားဘယ်သူတွေပါဝင်တယ်ဆိုတာကိုလည်း ပိတ်ဆို့ထားခဲ့တာပါ။ ၂၀၁၂ နှစ်ကုန်ပိုင်းက သမ္မတ ဟူကျင်တောင်ရဲ့ သမ္မတအာဏာကို ရယူခဲ့အပြီး ပါတီတွင်း အဂတိလိုက်စားမှုတွေကို လက်ရှိ သမ္မတ ရှီကျင့်ပင်းက ကျယ်ကျယ်ပြန့်ပြန့် ဖြိုခွင်းခဲ့တာပါ။
သူအရင် သမ္မတဟောင်းရဲ့ အယုံကြည်ရဆုံးသူတဦးကိုတောင် ဖမ်းဆီး စစ်ဆေးနိုင်တာကို ကြည့်ရင် လက်ရှိ သမ္မတရဲ့ သြဇာအရှိန်အ၀ါ ဘယ်လောက် ကြီးတယ်ဆိုတာကို တွေ့မြင်ရမှာပါ။
အဂတိလိုက်စားမှုကို မဖြိုခွင်းရင် ကွန်မြူနစ်ပါတီကြီး ပြိုကွဲဖို့ ရှိတယ်ဆိုရင် အရင် အစိုးရခေတ်က အဂတိလိုက်စားခဲ့တဲ့ ခေါင်းဆောင်တွေကို တဦးပြီးတဦး စစ်ဆေး အရေးယူနေတာလည်း ဖြစ်ပါတယ်။