၂၀၁၄ ခုနှစ် ကလေးများအတွက် ကပ်ဆိုက်သည့်နှစ်ဟု ကုလကြေညာ

ဆီရီးယား ဒုက္ခသည်စခန်းတွင် မြင်တွေ့ရသည့် ကလေးငယ်များ (ဓာတ်ပုံ - ရိုက်တာ)
746
[caption id="attachment_74669" align="alignright" width="450"]
ဆီရီးယား ဒုက္ခသည်စခန်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များ (ဓာတ်ပုံ - ရိုက်တာ)[/caption]
ကုလသမဂ္ဂ ကလေးသူငယ်များအေဂျင်စီ(ယူနီဆက်ဖ်)က ၂၀၁၄ ခုနှစ်ဟာ ကလေးတွေအတွက် ကပ်ဆိုက်တဲ့နှစ်လို့ ကြေညာလိုက်ပါတယ်။
ဗဟို အာဖရိကသမ္မတနိုင်ငံ၊ အီရတ်၊ တောင်ဆူဒန်၊ ဆီးရီးယား၊ ယူကရိန်းနဲ့ ပါလက်စတိုင်းနယ်မြေတွေမှာ ကလေးငယ် ၁၅ သန်းလောက် ပဋိပက္ခတွေကြားမှာ ပိတ်မိနေတယ်လို့ ဆိုပါတယ်။
“အာဖဂန်နစ္စတန်၊ ကွန်ဂို၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဆိုမာလီ၊ ဆူဒန်နဲ့ ယီမင်နိုင်ငံတို့ထဲက အကျပ်အတည်းတွေကို လူတွေက မြန်မြန် မေ့သွားမယ် ဒါမှမဟုတ် ကမ္ဘာ့ခေါင်းစဉ်တွေက ဖော်ပြဖို့ ပျက်ကွက်ကြလိမ့်မယ်” လို့ ယူနီဆက်ဖ်ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး အန်ထော်နီ လိတ်ခ်က ဒီလအစောပိုင်းက ပြောခဲ့ပါတယ်။