A d v e r t i s e m e n t With Us

အဲယားဘတ်စ် နောက်ဆုံးထုတ် အေ ၃၅၀ လေယာဉ် ကာတာကို ပထမဆုံးရောင်းချ

ဥရောပလေယာဉ်ကုမ္ပဏီကြီးဖြစ်တဲ့ အဲယားဘတ်စ်(Airbus) က နောက်ဆုံး ထုတ်လုပ်လိုက်တဲ့ အလတ်စား အေ ၃၅၀ ခရီးသည်တင်လေယာဉ်ကို မနေ့က ကာတာလေကြောင်းလိုင်းကို ပထမဆုံးရောင်းချလိုက်ပါတယ်။ Qatar+Airwaysအမေရိကန်ဘိုးရင်းလေယာဉ်ကုမ္ပဏီက ထုတ်လုပ်တဲ့ အင်ဂျင် ၂ လုံးတပ် အလတ်စားလေယာဉ်တွေ ဖြစ်တဲ့ ဘိုးရင်း ၇၈၇နဲ့ ၇၇၇ တို့ကို တိုက်ရိုက်ယှဉ်ပြိုင်ဖို့ ထုတ်လုပ်လိုက်တာပါ။ ဘိုးရင်း ၇၈၇ ကတော့ ပိုမိုပေါ့ပါးတဲ့ ကာဗွန် ကွန်ပိုဆိုက်အ်(carbon-composite)နဲ့ ထုတ်လုပ်ထားပြီး တခြားအရွယ်တူလေယာဉ်တွေထက် ဆီစားနှုန်း ၂၅ ရာခိုင်နှုန်း သက်သာတယ်လို့ ဆိုပါတယ်။ ဒီလေယာဉ် လွှဲပြောင်းပေးအပ်ပွဲကို အရင်က စီစဉ်ခဲ့တာထက် နောက်ကျပြီးမှ ကျင်းပနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘိုးရင်းလေယာဉ်ကုမ္ပဏီရဲ့ စီအီးအိုက အေ ၃၅၀ ကို ပထမဆုံး ၀ယ်ယူခဲ့တဲ့ ကာတာလေကြောင်းလိုင်းကို ချီးကျူး ဂုဏ်ပြုခဲ့ပြီး ဆက်လက် အောင်မြင်မယ်လို့ ယုံကြည်တယ်လို့ ပြောဆိုပါတယ်။ ရည်မှန်းထားတဲ့ အစီးရေ ထုတ်လုပ်နိုင်ဖို့လည်း ယုံကြည်တယ်လို့လည်း ပြောဆိုပါတယ်။ ဒီ အေ ၃၅၀ လေယာဉ်စီမံကိန်းအတွက် ဘိုးရင်းက အမေရိကန်ဒေါ်လာ ၁၃ သန်းခွဲလောက် ကုန်ကျခဲ့တာပါ။ လေယာဉ်ကုမ္ပဏီကြီး ၂ ခုလုံးက ဒီအလတ်စား ခရီးသည်တင်လေယာဉ်တွေကို အသစ်ထုတ်လုပ်ချိန်ဟာ ကုမ္ပဏီ ၂ ခုလုံးရဲ့ အကြီးစားလေယာဉ်တွေ ရောင်းအား ကျဆင်းနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ကမ္ဘာ့အကြီးဆုံးခရီးသည်တင်လေယာဉ်ကတော့ ဘိုးရင်းက ထုတ်လုပ်တဲ့ အေ ၃၈၀  လေယာဉ် ဖြစ်ပြီး ခရီးသည် ၅၀၀ ကျော် လိုက်ပါနိုင်တာပါ။ ကာတာလေကြောင်းလိုင်းရဲ့ စီအီးအိုကလည်း ဒီ အေ ၃၅၀ လေယာဉ်ကို ပထမဆုံး ၀ယ်ယူနိုင်ခဲ့တာဟာ ကာတာလေကြောင်းလိုင်းအတွက်ရော၊ ကမ္ဘာ့လေယာဉ် ထုတ်လုပ်ရေးအတွက်ပါ သမိုင်းဝင်နေ့ထူးနေ့မြတ် ဖြစ်တယ်လို့ ပြောဆိုပါတယ်။ ဘိုးရင်းနဲ့ အဲယားဘတ်စ်တို့က အကြီးဆုံး ပြိုင်ဖက်လေယာဉ်ထုတ်လုပ်သူတွေ ဖြစ်ပေမယ့် အငယ်စားခရီးသည်တင်ဂျက်လေယာဉ်တွေဖြစ်တဲ့ ဘိုးရင်း ၇၃၇ နဲ့ အဲယားဘတ် အေ ၃၂၀ တွေကို ရောင်းရတဲ့ငွေက ကုမ္ပဏီကြီးတွေရဲ့ အဓိက၀င်ငွေ ဖြစ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up