A d v e r t i s e m e n t With Us

ဂျက်ကီချန်း၏သားကို မူးယစ်ဆေးမှုဖြင့် တရားစွဲပြီ

တရုတ်အစိုးရရှေ့နေတွေက ကွန်ဖူးရုပ်ရှင်ငွေကြယ်ပွင့် ဂျက်ကီချန်းရဲ့သား ဂျေစီချန်းကို မူးယစ်ဆေးဝါးမှုနဲ့ တရားဝင် တရားစွဲလိုက်ပြီလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က ပြောပါတယ်။ File photo of Hong Kong actor Jaycee Chan arriving at the Hong Kong Film Awardsဒါကြောင့် တရားစီရင်ခံရဖို့ သေချာသလောက် ဖြစ်နေပါတယ်။ အသက် ၃၂ နှစ်အရွယ် ရုပ်ရှင်သရုပ်ဆောင်နဲ့ အဆိုတော် ဂျေစီချန်းဟာ ဆေးခြောက်သုံးစွဲထားမှုကို စစ်ဆေးတွေ့ရှိအပြီး ဒီနှစ်ထဲအတွင်း ပီကင်းမြို့တော်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပြီး သူအိမ်မှာ ဆေးခြောက် ၁၀၀ ဂရမ်ကို ရှာတွေ့တယ်လို့ ရဲတွေက ပြောပါတယ်။ တခြားလူတွေ မူးယစ်ဆေးသုံးဖို့ ခွင့်ပြုတဲ့ ရာဇဝတ်မှုအတွက် သူ့ကို တရားစီရင်ရေး စလုပ်နေပြီလို့ ပြည်သူ့တရားရုံးချုပ်က အစိုးရရှေ့နေက သူရဲ့ တရားဝင်ဘလော့မှာ ကြေညာချက်အကျဉ်းကို ထုတ်ပြန်ပါတယ်။ ဒါပေမယ့် အသေးစိတ်တော့ မဖော်ပြပါဘူး။ ဖခင်ဖြစ်သူ အသက် ၆၀ အရွယ် အက်ရှင်နဲ့ ဟာသမင်းသား ဂျက်ကီချန်းကတော့ ၂၀၀၉ ခုနှစ်အတွက် တရုတ်အမျိုးသား မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ကော်မတီရဲ့ ပြောခွင့်ရ ဖြစ်ပြီး မူးယစ်ဆန့်ကျင်ရေး ပညာပေးလုပ်ငန်းတွေ မြှင့်တင်နေခဲ့သူလို့ အစိုးရ မီဒီယာက အစီရင်ခံပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လက ဂျက်ကီချန်းဟာ သူသား အဖမ်းခံရမှုနဲ့ ပတ်သက်ပြီး အများပြည်သူကို နက်နက်ရှိုင်းရှိုင်း တောင်းပန်ခဲ့ပါတယ်။ တရုတ်နိုင်ငံတွင်း မူးယစ်ရာဇဝတ်မှုကို သေဒဏ်နဲ့ တသက်တကျွန်း ထောင်ဒဏ်တွေ အပါအဝင် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ စီရင်လေ့ရှိပါတယ်။ တရုတ်နိုင်ငံတွင်း ဝင်ငွေတိုးလာတဲ့ မြို့ပြလူတန်းစားသစ် ထွက်ပေါ်လာတာနဲ့ အညီ မက်သာအဖက်တာမင်း စိတ်ကြွဆေး၊ ကီတာမိုင်းနဲ့ အဲ့စ်တက်စီလို တရားမဝင်တဲ့ စိတ်ကိုပြောင်းလဲစေနိုင်တဲ့ ဆေးတွေကတော့ လူကြိုက်များမှု ပိုတိုးလာနေ ပါတယ်။

A d v e r t i s e m e n t With Us

More News
Up