ချဲလ်ဆီး အဝေးကွင်းတွင် စတုတ်စီးတီးကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ

979
တနင်္လာနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးက အဝေးကွင်းမှာ စတုတ်စီးတီးကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကို နောက်တန်းသမား တယ်ရီနဲ့ ကွင်းလယ်သမား ဖာဘရီဂတ်စ်တို့ သွင်းယူပါတယ်။ ဒီပွဲမှာ စတုတ်စီးတီးအသင်း ချဲလ်ဆီးဖက်ကို အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရခဲ့တာပါ။
အခုနိုင်ပွဲကြောင့် ချဲလ်ဆီးဟာ ၄ ကြိမ်မြောက်အဖြစ် ခရစ်စမတ်ကာလအတွင်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
နိုင်ပွဲဆက်တဲ့ ချဲလ်ဆီးက ၄၂ မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဆက်လက် ဦးဆောင်နေပြီး ဒုတိယနေရာက မန်စီးတီးကို ၃ မှတ် ဖြတ်ထားနိုင် လိုက်ပါတယ်။ စတုတ်စီးတီးကတော့ ၁၉ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။