A d v e r t i s e m e n t With Us

အင်္ဂလန်ဘောလုံးလောကတွင် မန်ယူက မိုက်ကယ်ကာရစ် အကောင်းဆုံးဟု ဖာဂူဆန် ပြော

Fergie Carrickအင်္ဂလိပ်ဘောလုံးသမားတွေထဲမှာ မန်ယူကွင်းလယ်သမား မိုက်ကယ် ကာရစ်က အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ မန်ယူနည်းပြဟောင်း ဖာဂူဆန်က ပြောဆိုလိုက်ပါတယ်။ နည်းပြ ဗန်ဂါးရဲ့ မန်ယူအသင်းဟာ ဒဏ်ရာကနေ ပြန်လာတဲ့ ကာရစ် ပါဝင်ကစားတဲ့ ၇ ပွဲမှာ ၆ ပွဲအထိ အနိုင်ရထားပါတယ်။ မိုက်ကယ် ကာရစ်က အင်္ဂလိပ်ဘောလုံးသမား လောကမှာတော့ အကောင်းဆုံး ကွင်းလယ်သမားတယောက် ဖြစ်တယ်လို့ ဖာဂူဆန်က ချီးကျုးထားပါတယ်။ လောလောဆယ်မှာ မန်ယူ နည်းပြက ကာရစ်ကို ဒုတိယအသင်းခေါင်းအဖြစ် ခန့်အပ်ထားပါတယ်။ မန်ယူအသင်းဟာ လောလောဆယ် အမှတ်ပေးဇယားမှာ ၃၂ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပြီး ဇယားထိပ်က ချဲလ်ဆီးရဲ့နောက် ၁၀ မှတ် အကွာမှာ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up