အာဖဂန် တိုက်ခိုက်မှုများအတွင်း အရပ်သားသေဆုံးမှုနှုန်း မြင့်တက်လာ

ဓာတ်ပုံ - ရိုက်တာ
1.3K
[caption id="attachment_74579" align="alignright" width="393"]
ဓာတ်ပုံ - ရိုက်တာ[/caption]
အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့က နောက်ဆုံးထုတ်ပြန်ချက်မှာ အာဖဂန်နိုင်ငံက တိုက်ခိုက်မှုတွေအတွင်း အခုနှစ် အရပ်သားသေဆုံးနှုန်းဟာ စံချိန်တင် ပြန်မြင့်တက်လာခဲ့ တယ်လို့ သိရပါတယ်။
နိုဝင်ဘာလကုန်အထိ အရပ်သား ထိခိုက်သေဆုံးနှုန်းဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁၉ ရာခိုင်နှုန်း မြင့်တက်ခဲ့တာပါ။
အရပ်သား ၃၁၈၈ ဦး သေဆုံးခဲ့ပြီး ၆၄၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြပြီ ဖြစ်တာကြောင့် အခုနှစ်ကုန်မှာ ထိခိုက်သေဆုံးသူ ၁ သောင်းကျော်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ ၂၀၀၉ ခုနှစ် နောက်ပိုင်း အမြင့်ဆုံး ပြန်ရောက်လာတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကနဲ့ နှိုင်းယှဉ်ရင် ကလေးထိခိုက်သေဆုံးနှုန်း ၃၃ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ထိခိုက်သေဆုံးနှုန်းက ၁၂ ရာခိုင်နှုန်း မြင့်တက်လာတာပါ။
မြေပြင်တိုက်ပွဲတွေနဲ့ လက်လုပ် ဖောက်ခွဲရေးပစ္စည်းတွေကြောင့် အဓိက ထိခိုက် သေဆုံးခဲ့ကြတာ ဖြစ်ပြီး တာလီဘန်အကြမ်းဖက်မှုတွေကြောင့် ထိခိုက်သေဆုံးရတာက ၇၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။
အာဖဂန်တပ်ဖွဲ့ဝင်တွေ သေဆုံးနှုန်းလည်း မြင့်တက်ခဲ့ပြီး ပထမ ၁၀ လပိုင်းအတွင်း အာဖဂန်တပ်ဖွဲ့ဝင် ၄၆၀၀ ကျော် သေဆုံးခဲ့ပါတယ်။
အခုနှစ်ကုန်မှာ နိုင်ငံခြားတပ်တွေအများစုကို ပြန်ရုပ်သိမ်းတော့မှာ ဖြစ်ပေမယ့် အမေရိကန်ဦးဆောင်တဲ့ နေတိုးတပ်ဖွဲ့ဝင်ကတော့ ၁၂၅၀၀ လောက် ဆက်ထား ထားမှာပါ။
တိုက်ခိုက်ရေးအတွက်မဟုတ်ပဲ အာဖဂန်တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်တန်းပေးရေး အတွက် ဖြစ်ပါတယ်။