A d v e r t i s e m e n t With Us

ပစ်သတ်ခံခဲ့ရသည့် အမေရိကန်ရဲအရာရှိ ၂ ဦးအတွက် ဆုတောင်းပွဲများ ကျင်းပ

US 2 Police manအမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရဲအရာရှိ ၂ ဦးကို ပစ်သတ်ပြီး ကိုယ့်ကိုကိုယ်ပါ သတ်သေသွားတဲ့ လူမည်းလူငယ်ဟာ ရဲတွေကို မပစ်သတ်ခင် သူဘာလုပ်မယ်ဆိုတာကို စောင့်ကြည့်ဖို့ သူရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ အသက် ၂၈ နှစ်အရွယ် လူမည်းလူငယ်  အစ္စမာအီရာလ် ဘရင်စလေ ဟာ အရင်ကလည်း အကြမ်းဖက်မှုမှတ်တမ်း ရှိခဲ့ပြီး စိတ်သိပ်မမှန်သူလည်း ဖြစ်ပါတယ်။ ဘရွှတ်ကလင်မြို့နယ်မှာ ကင်းလှည့်နေတဲ့ ရဲအရာရှိ အသက် ၄၀ နှစ်ရှိ ရာဖယ်လ် ရာမို့စ်နဲ့ အသက် ၃၂ နှစ် အရွယ် ၀မ်ဂျီယန် လူ တို့ကို ပစ်သတ်ခဲ့ပြီး အနီးက မြေအောက်ဘူတာတခုမှာ ကိုယ့်ကိုယ်ကို သက်သေသွားတာပါ။ နယူးယောက်မြို့တော်မှာ ရဲတွေက အင်အားသုံး ဖမ်းလို့ သေဆုံးသွားတဲ့ အဲရစ် ဂါနာရ် အတွက် လက်စားချေသတ်ဖြတ်မယ်လို့လည်း သူရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ လူထုအခွင့်အရေးလှုပ်ရှားသူ သိက္ခာတော်ရဆရာတော် အယ်လ် ရှက်ပ်တန် က ဘရင်စလေနဲ့  အဲရစ် ဂါနာရ်ရဲ့ မိသားစုဝင်တွေ ပတ်သက်မှုမရှိပဲ အခုလို လက်စားချေ သတ်ဖြတ်မှုမျိုးကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဘရင်စလေဟာ အရင်ကလည်း ရဲဖမ်းဆီးခံရမှု အနည်းဆုံး ၁၉ ကြိမ်ရှိခဲ့ပြီး သူရဲ့ လူမှုကွန်ရက်တွေမှာ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုကိုယ် အလိုမကျတဲ့ ရေးသားချက်တွေ ရေးသားခဲ့တယ်လို့ ရဲက ပြောဆိုပြီး သူရဲ့ ရည်းစားဟောင်းကိုလည်း ပစ်ခတ်ခဲ့လို့ ဒဏ်ရာရခဲ့ပါသေးတယ်။ ရဲအရာရှိ ရာဖယ်လ် ရာမို့စ်ရဲ့ မိသားစုဝင်တဦးက ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးလမ်းမှန်ကို ရှာတွေ့ပြီး ရှေ့ဆက် လျှောက်လှမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်လို့ အောက်မေ့ဖွယ်ဆုတောင်းပွဲတခုမှ ပြောဆိုခဲ့ပါတယ်။ နယူးယောက်မြို့တော်မှာ သေဆုံးသွားတဲ့ ရဲအရာရှိတွေအတွက် ဖယောင်းတိုင်ထွန်း အောက်မေ့ဖွယ်ရာ ဆုတောင်းပွဲတွေ ကျင်းပနေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up