ရက် ၆၀ အတွင်း ၄ ပွင့်ဆိုင်တွေ့ဆုံရန် သပိတ်မှောက်ကျောင်းသားများ ထပ်မံတောင်းဆို

1549312_817732724931896_8301051195688356713_nအမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေက သတ်မှတ်အချိန် ပေးထားတဲ့ ရက်ပေါင်း ၆၀ အတွင်း ၄ ပွင့်ဆိုင်တွေ့ဆုံရေးကို ထပ်မံတောင်းဆို လိုက်ပါတယ်။ ဒီဇင်ဘာ ၂၁ ရက်နေ့ညပိုင်းက ရတနာပုံတက္ကသိုလ်ရှေ့ တွင် တက္ကသိုလ်အသီသီးမှ ဗကသ ကျောင်းသား အယောက်၂၀ခန့်က စတေကာ ကမ်ပိန်းပြုလုပ်ခဲ့ပါတယ်။ အစပိုင်းတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က လာရောက်တားဆီး ခဲ့ကြတယ်လို့ ကျောင်းသားတွေကပြောပါတယ်။ အမျိုးသားပညာရေး ဥပဒေကို ညှိနှိုင်းပြင်ဆင်နိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် NNER နဲ့ သပိတ်မှောက် ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေး ဖော်ဆောင်မှု ဦးဆောင်ကော်မတီတို့ ၄ ပွင့်ဆိုင် တွေ့ဆုံရေးကို တောင်းဆိုထားကြတာပါ။ သပိတ်မှောက်ကျောင်းသားတွေ သတ်မှတ်ပေးတဲ့ ရက်ပေါင်း ၆၀ ဟာ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ တလပြည့်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up