A d v e r t i s e m e n t With Us

အိုင်အက်စ် သိမ်းပိုက်ထားသည့် ဆင်ဂျာတောင်ကြော ကာ့ဒ်တပ်ဖွဲ့ဝင်များ ထိုးဖောက်တိုက်ခိုက်

အိုင်အက်စ်အကြမ်းဖက်တွေ လနဲ့ချီ သိမ်းပိုက်ထားတဲ့ ဆင်ဂျာတောင်ကြောကို ပြီးခဲ့တဲ့ ၁ ပတ်က အီရတ်ကာဒ့်တပ်ဖွဲ့ဝင်တွေက ထိုးဖောက်နိုင်ခဲ့ပြီး ဗျူဟာကျတဲ့ လမ်းကြောင်း ပြန်ဖွင့်နိုင်ခဲ့ပါတယ်။ Kurdsအမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ကြီးကျယ်တဲ့လေကြောင်းပစ်ကူမှုတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က ကာ့ဒ်တပ်ဖွဲ့ဝင်တွေ ဆင်ဂျာတောင်ကြောဒေသကို စထိုးတာပါ။ အချိန်တိုအတွင်း တောင်ကြောကို ထိုးဖောက်လိုက်နိုင်ပြီး လနဲ့ ချီပြီး ပိတ်မိနေခဲ့တဲ့ ရာဇစ်ဒီဘာသာဝင်လူနည်းစုတွေကို လွှတ်မြောက်စေခဲ့ပါတယ်။ အခုနှစ်လယ်ပိုင်းက ဆင်ဂျာတောင်ကြောကို အိုင်အက်စ်တွေ ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း ရာဇစ်ဒီလူနည်းစုတွေ ထောင်နဲ့ ချီပြီး သတ်ဖြတ်ခံရ၊ ဖမ်းဆီးခံရပါတယ်။ မနေ့ကတော့ ဆင်ဂျာတောင်ရဲ့ မြောက်ဖက်ပိုင်းက နယ်မြေတွေကို ကာဒ့်တပ်ဖွဲ့ဝင်တွေ ဆက်လက် သိမ်းပိုက်နိုင်ခဲ့ပြီး မကြာခင် တောင်ဖက်က ရာဇစ်ဒီလူနည်းစုတွေရဲ့ ဆင်ဂျာမြို့ကိုလည်း ကာဒ့်တပ်ဖွဲ့တွေ ပြန်သိမ်းပိုက်နိုင်လိမ့်မယ်လို့ ဒေသခံတွေက မျှော်လင့်နေ ကြပါတယ်။ အခုတော့ ဆီးရီးယားနယ်စပ်ကနေ ကာဒ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအထိ လမ်းကြောင်း ပြန်ဖွင့်နိုင်ခဲ့ပြီ ဖြစ်တာကြောင့် တောင်ကြောဒေသကို ဆေးနဲ့ ရိက္ခာတွေ စတင် ရောက်ရှိ လာနေပြီလို့ ရာဇစ်ဒီလူမျိုးတိုက်ခိုက်ရေးသမားတဦးက ပြောဆိုပါတယ်။ အိုင်အက်စ်တွေ သိမ်းပိုက်ခဲ့တဲ့ အီရတ်နိုင်ငံမြောက်ပိုင်းက ကာဒ့်နယ်မြေ အများစုကို ကာဒ့်တပ်ဖွဲ့ဝင်တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပေမယ့် အီရတ်အလယ်ပိုင်းနဲ့ အနောက်ပိုင်းမှာတော့ အင်အားချိနဲ့နေတဲ့ အီရတ်စစ်တပ်နဲ့ အိုင်အက်စ်အကြမ်းဖက်တွေ ကတော့ သူနိုင်လိုက်၊ ကိုယ်နိုင်လိုက်နဲ့ ရှေ့မတိုးနိုင်ပဲ ဖြစ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up