လျှပ်စစ်မီးပြဿ နာ နေရောင်ခြည်စွမ်းအင်ဖြင့် အစားထိုးရန် လက်ဘနွန်စွမ်းအင်ဝန်ကြီးဌာန ကြိုးပမ်း

ဓာတ်ပုံ - ရိုက်တာ
970
[caption id="attachment_74530" align="alignright" width="412"]
ဓာတ်ပုံ - ရိုက်တာ[/caption]
လက်ဘနွန်စွမ်းအင်ဝန်ကြီးဌာနနဲ့ ဘေရွက်မြို့တော်မြူနီစပယ်နဲ့ ပူးပေါင်းပြီး ဘေရွတ်မြို့ လျှပ်စစ်မီးပြဿနာကို နေရောင်ခြည်စွမ်းအင်နဲ့ ရနိုင်သလောက်အစားထိုးဖို့ ကြိုးစားနေကြပါတယ်။
လူဦးရေ ၄ သန်းပဲ ရှိတဲ့ လက်ဘနွန်နိုင်ငံမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေ နေ့စဉ်လိုလို ဖြစ်နေပြီး မီးစက်တွေ၊ ဘက်ထရီဓာတ်မီးတွေ၊ တခါတလေ ဖယောင်းတိုင်နဲ့ လျှပ်စစ်မီးပြဿနာကို ဖြေရှင်းနေရတာပါ။
ဒါကြောင့် အရေးကြီးဆုံးစီမံကိန်းအဖြစ် ဘေရွက်မြစ်တလျှောက်မှာ ဆိုလာပြားတွေကို ကီလိုမီတာနဲ့ချီ တပ်ဆင်ပြီး ဒုတိယစီမံကိန်းကတော့ ဘေရွတ်မြို့ထဲလမ်းမတွေနဲ့ အဝေးပြေးလမ်းမတွေမှာ ဆိုလာမီးတိုင်တွေ တပ်ဆင်နေတယ်လို့ ဘေရွတ်မြို့ မြူနီစပယ်အာဏာပိုင်က ပြောဆိုပါတယ်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကျွမ်းကျင်သူတဦးက ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိတဲ့ သန့်ရှင်းစွမ်းအင်ကို မီဂါဝက်ဘ်နဲ့ ချီပြီး မကြာခင်ထုတ်လုပ်နိုင်တော့မှာကြောင့် လက်ဘနွန်နိုင်ငံ အတွက် ရေရှည်အကျိုးအမြတ် ကြီးမားတယ်လို့ ပြောဆိုပါတယ်။
လက်ဘနွန်နိုင်ငံဟာ ဆီးရီးယားပြည်တွင်းစစ်စဖြစ်ကတည်းက ဆီးရီးယား စစ်ပြေးဒုက္ခသည်အများဆုံး လက်ခံထားတဲ့နိုင်ငံ ဖြစ်ပြီး စီးပွားရေးအရရော၊ လူမှုရေးအရပါ ၀န်ထုတ်ဝန်ပိုး ဖြစ်နေရတာပါ။
လက်ဘနွန်နိုင်ငံဟာ နိုင်ငံရဲ့ လူဦးရေအချိုးအစားအရ ကမ္ဘာပေါ်မှာ ဒုက္ခသည် အများဆုံးနိုင်ငံ ဖြစ်ပြီး လူ ၄ ဦးမှာ ၁ ဦးဟာ ဒုက္ခသည် ဖြစ်ပါတယ်။