A d v e r t i s e m e n t With Us

လီဗာပူးနှင့် အာစင်နယ်တို့ ၂ ဂိုးစီ သရေရလဒ်ဖြင့် အဆုံးသတ်

တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လီဗာပူးနဲ့ အာစင်နယ်တို့ ၂ ဂိုးစီ သရေရလဒ်နဲ့ အဆုံးသတ် သွားပါတယ်။ အာစင်နယ်အတွက် ဦးဆောင်ဂိုးတွေကို ဒီဗျုချီနဲ့ ဂျီရှု့တို့ သွင်းယူပြီး လီဗာပူးအတွက် ချေပဂိုးတွေကို ကော်တင်ဟိုနဲ့ စကာတယ် တို့က သွင်းယူပါတယ်။ originalလီဗာပူးအတွက်တော့ နောက်ကနေ လိုက်ကစားပြီး သရေကျလို့ ဒီရာသီမှာ ၈ ပွဲမြောက် ရှုံးမယ့်အရေးကနေ လွတ်မြောက်ခဲ့ပါတယ်။ ဒီဒါပေမယ့်လည်း လီဗာပူးက အိမ်ကွင်း ပရိတ်သတ်တွေရှေ့မှာ ဘောလုံးပိုင်ဆိုင်မှု ၆၄ ရာခိုင်နှုန်းအထိ အသာစီး ယူနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေလည်း ၂၇ ကြိမ်အထိ ရခဲ့ပါတယ်။ မိနစ် ၇၀ ကျော်မှာ လီဗာပူးက ဘိုရီနီ ၂ ၀ါ၊ ၁နီနဲ့ အထုတ်ခံရလို့ တယောက်လျော့နဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ အာစင်နယ်ကတော့ ဘောလုံးပိုင်ဆိုင်မှု ၃၆ ရာခိုင်နှုန်းနဲ့ ကန်သွင်းခွင့် ၇ ကြိမ်ပဲ ရခဲ့တာပါ။ ဒီပွဲသရေကျလို့ အာစင်နယ်က ၂၇ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၆ မှာ ရှိနေပြီး ဇယားထိပ်က တပွဲလျော့ ချဲလ်ဆီးနောက် ၁၂ မှတ်အကွာမှာ ရှိနေပါတယ်။ လီဗာပူးကတော့ ၂၂ မှတ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up