
ရီရဲလ်မက်ဒရစ်က ကမ္ဘာ့အကောင်းဆုံးကလပ် အသင်းဖြစ်တယ်လို့ နည်းပြ အန်စလော့တီက ပြောဆိုလိုက်ပါတယ်။
ကမ္ဘာ့ကလပ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ တောင်အမေရိက အသင်းကို အနိုင်ရ ချန်ပီယံဖြစ်အပြီးမှာ ပြောလိုက်တာပါ။ ဒီနှစ်ရာသီကတော့ မမေ့နိုင်တဲ့ နှစ်ဖြစ်သလို အခုအချိန်မှာ အတောင့်တင်းဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်လို့ ဆိုပါတယ်။
ရီရဲလ်ဟာ ဒီနှစ်ရာသီမှာ ချန်ပီယံလိဂ်၊ ကိုပါဒယ်ရယ်၊ စပိန်ဘုရင့်ဖလား အပါ အ၀င် ဖလား ၄ ခုကို ဆွတ်ခူးထားပါတယ်။ ဒါ့အပြင် ဒီနှစ်ရာသီမှာ ၂၂ ပွဲဆက်တိုက် အနိုင်ရထားတဲ့ စံချိန်ကိုလည်း တင်ထားပါတယ်။
အသင်းသားတွေ အချင်းချင်း နားလည်မှုနဲ့ စုစည်းမှုကလည်း အကောင်းဆုံး အနေအထားကို ရောက်နေကြောင်း ပြောပါတယ်။
နည်းပြ အန်စလောတီရဲ့ အသင်းဟာ လက်ရှိ စပိန်လာလဂီဂါ အမှတ်ပေး ဇယားမှာလည်း ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။