ရီရဲလ်မက်ဒရစ်က ကမ္ဘာ့အကောင်းဆုံးကလပ် အသင်းဟု နည်းပြ ပြော

3881623_f520ရီရဲလ်မက်ဒရစ်က ကမ္ဘာ့အကောင်းဆုံးကလပ် အသင်းဖြစ်တယ်လို့ နည်းပြ အန်စလော့တီက ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့ကလပ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ တောင်အမေရိက အသင်းကို အနိုင်ရ ချန်ပီယံဖြစ်အပြီးမှာ ပြောလိုက်တာပါ။ ဒီနှစ်ရာသီကတော့ မမေ့နိုင်တဲ့ နှစ်ဖြစ်သလို အခုအချိန်မှာ အတောင့်တင်းဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်လို့ ဆိုပါတယ်။ ရီရဲလ်ဟာ ဒီနှစ်ရာသီမှာ ချန်ပီယံလိဂ်၊ ကိုပါဒယ်ရယ်၊ စပိန်ဘုရင့်ဖလား အပါ အ၀င် ဖလား ၄ ခုကို ဆွတ်ခူးထားပါတယ်။ ဒါ့အပြင် ဒီနှစ်ရာသီမှာ ၂၂ ပွဲဆက်တိုက် အနိုင်ရထားတဲ့ စံချိန်ကိုလည်း တင်ထားပါတယ်။ အသင်းသားတွေ အချင်းချင်း နားလည်မှုနဲ့ စုစည်းမှုကလည်း အကောင်းဆုံး အနေအထားကို ရောက်နေကြောင်း ပြောပါတယ်။ နည်းပြ အန်စလောတီရဲ့ အသင်းဟာ လက်ရှိ စပိန်လာလဂီဂါ အမှတ်ပေး ဇယားမှာလည်း ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up