ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံဟောင်း မွတ်ဟာမက် အလီဟာ နမိုးနီးယား ရောဂါကြောင့် အမေရိကန် ပြည်ထောင်စုမှာ ဆေးရုံတင်ထားရပါတယ်။
[caption id="attachment_74490" align="alignright" width="300"]

မွတ်ဟာမက်အလီ (ဓာတ်ပုံ - အေအက်ဖ်ပီ)[/caption]
မွတ်ဟာမက် အလီရဲ့ အဆုတ်ရောင်ရောဂါ စိုးရိမ်စရာ အခြေအနေမရှိလို့ မကြာခင် ဆေးရုံက ပြန်ဆင်းပြီး အိမ်ပြန်ရဖို့ မျှော်လင့်တယ်လို့ သူ့ရဲ့ ပြောခွင့်ရသူ ဘော့ဂန်နယ် (Bob Gunnell) က ပြောပါတယ်။
အသက် ၇၂ နှစ်အရွယ် အလီကို မနေ့က ဆေးရုံတင်ထားရတယ်လို့ ပြောပေမယ့် ဘယ်ဆေးရုံမှာ တင်ထားရသလဲဆိုတာကိုတော့ မသိရပါဘူး။
အလီဟာ ၁၉၆၀ အိုလံပစ် ရွှေတံဆိပ်ဆုရှင်လည်းဖြစ်ပြီး ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား သက်တမ်း ၂၁ နှစ်အတွင်းမှာ ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ ၃ ကြိမ် ရခဲ့ပါတယ်။
၁၉၈၁ ခုနှစ်က လက်ဝှေ့သမားဘ၀ကနေ အနားယူခဲ့ပြီးနောက်ပိုင်း ကျန်းမာရေး ဆိုးရွားခဲ့ပြီး လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။