ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း မွတ်ဟာမက်အလီ ဆေးရုံတင်ရ

မွတ်ဟာမက်အလီ (ဓာတ်ပုံ - အေအက်ဖ်ပီ)
ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံဟောင်း မွတ်ဟာမက် အလီဟာ နမိုးနီးယား ရောဂါကြောင့် အမေရိကန် ပြည်ထောင်စုမှာ ဆေးရုံတင်ထားရပါတယ်။ [caption id="attachment_74490" align="alignright" width="300"]မွတ်ဟာမက်အလီ (ဓာတ်ပုံ - အေအက်ဖ်ပီ) မွတ်ဟာမက်အလီ (ဓာတ်ပုံ - အေအက်ဖ်ပီ)[/caption] မွတ်ဟာမက် အလီရဲ့ အဆုတ်ရောင်ရောဂါ စိုးရိမ်စရာ အခြေအနေမရှိလို့ မကြာခင် ဆေးရုံက ပြန်ဆင်းပြီး အိမ်ပြန်ရဖို့ မျှော်လင့်တယ်လို့ သူ့ရဲ့ ပြောခွင့်ရသူ ဘော့ဂန်နယ် (Bob Gunnell) က ပြောပါတယ်။ အသက် ၇၂ နှစ်အရွယ် အလီကို မနေ့က ဆေးရုံတင်ထားရတယ်လို့ ပြောပေမယ့် ဘယ်ဆေးရုံမှာ တင်ထားရသလဲဆိုတာကိုတော့ မသိရပါဘူး။ အလီဟာ ၁၉၆၀ အိုလံပစ် ရွှေတံဆိပ်ဆုရှင်လည်းဖြစ်ပြီး ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား သက်တမ်း ၂၁ နှစ်အတွင်းမှာ ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ ၃ ကြိမ် ရခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်က လက်ဝှေ့သမားဘ၀ကနေ အနားယူခဲ့ပြီးနောက်ပိုင်း ကျန်းမာရေး ဆိုးရွားခဲ့ပြီး လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up