A d v e r t i s e m e n t With Us

သေနတ်သမားတဦး၏ ပစ်ခတ်မှုကြောင့် အမေရိကန်ရဲ ၂ ဦး သေဆုံး

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ Brooklyn မြို့တွင်းမှာ မနေ့က ရဲကားနဲ့ ကင်းလှည့်နေတုန်း သေနတ်သမားတဦးက သေနတ်နဲ့ အနီးကတ်ပစ်ခတ်လို့ ရဲအရာရှိ ၂ ဦး သေဆုံးခဲ့ပါတယ်။ gunပစ်ခတ်ခဲ့တဲ့ သေနတ်သမားကတော့ အသက် ၂၈ နှစ်အရွယ် Ismaaiyl Brinsley လို့ သိရပြီး သူလည်း အနီးက မြေအောက်ဘူတာတခုထဲမှာ ကိုယ့်ကိုယ်ကိုယ်ပစ်ပြီး အဆုံးစီရင်ခဲ့ပါတယ်။ ဒီပစ်ခတ်မှုမတိုင်ခင် ဒီဇင်ဘာ ၂၀ ရက်နေ့ အစောပိုင်းကလည်း သူ့ရဲ့ရည်းစားဟောင်းကို ပစ်ခတ်ခဲ့ပြီး ရဲဆန့်ကျင်ရေး ရေးသားမှုတွေကို လူမှုကွန်ရက်မှာ ရေးသားခဲ့သေးတယ်လို့လည်း ဆိုပါတယ်။ ဒီပစ်ခတ်မှုဟာ အမေရိကန်ရဲတွေ အလွန်အကျွံအင်အားသုံးမှုအပေါ် အမေရိကန်ပြည်သူတွေ  ပြစ်တင်ကန့်ကွက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေချိန်မှာ ဖြစ်ပွားခဲ့တာပါ။ အခုလအစောပိုင်းက နယူးယောက်မြို့က အမေရိကန်လူမည်းတဦး တရားမ၀င်စီးကရက်ရောင်းမှုနဲ့ ရဲတွေက လည်မျိုညစ် ဖမ်းဆီးခဲ့လို့ အသက်ရှူကြပ်ပြီး သေဆုံးခဲ့တာပါ။ အဲ့ဒါကို ပြည်နယ်ခုံသမာဓိအဖွဲ့က ရဲမှာ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့် အမေရိကန်နိုင်ငံတ၀န်း မြို့ကြီးတွေမှာ လူမျိုးရေးဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အခုသေနတ်သမားကလည်း အမေရိကန်လူမည်း Eric Garner သေဆုံးမှုအတွက် တုံ့ပြန်တာလို့ လူမှုကွန်ရက်မှာ နောက်ဆုံးရေးသားခဲ့တယ်လို့လည်း အာဏာပိုင် ၂ ဦးရဲ့ ပြောဆိုမှုကို ကိုးကားပြီး အေပီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အမေရိကန်လူမှုအခွင့်အရေးလှုပ်ရှားသူ သိက္ခာတော်ရ Eric Holder ကတော့ အခုပစ်ခတ်ခဲ့သူဟာ Eric Garner ရဲ့ မိသားစုနဲ့ ပတ်သက်မှုမရှိဘူးလို့ ပြောဆိုပြီး အခုလိုတုံ့ပြန်ပစ်ခတ်မှုကို ရှုတ်ချခဲ့ပါတယ်။ နယူးယောက်ရဲ သေဆုံးခဲ့ရတဲ့ နောက်ဆုံးပစ်ခတ်မှုကတော့ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up