ဟားမတ်အဖွဲ့ ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် အစ္စရေးက လေကြောင်းဖြင့် ပြန်တိုက်

1.1K
အစ္စရေးနိုင်ငံကို ဟားမတ်အဖွဲ့က ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အစ္စရေးကလည်း ဂါဇာမှာရှိတဲ့ ဟားမတ်စစ်အခြေခံစခန်းတခုကို ဒီဇင်ဘာ ၁၉ ရက်နေ့မှာ လေကြောင်းက တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။
နှစ်ဖက်ပစ်ခတ်မှု ၂ ခုစလုံးမှာ ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဘူး။
ဟားမတ်အဖွဲ့ ပြောခွင့်ရကတော့ အခုလို ဂါဇာထဲကို အစ္စရေးက လေကြောင်းက ပစ်ခတ်တာ နောက်ထပ်ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်နိုင်တယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။
ဒီလေကြောင်းက တုံ့ပြန်ပစ်ခတ်မှုဟာ ပြီးခဲ့တဲ့ နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ အစ္စရေး-ပါလက်စတိုင်း ရက် ၅၀ စစ်ပွဲအပြီး ပထမဆုံး တုံ့ပြန်ပစ်ခတ်မှုလည်း ဖြစ်ပါတယ်။
ဒီဒုံးကျည်ပစ်ခတ်မှုမတိုင်ခင်က ဟားမတ်က ဒုံးကျည် ပစ်ခတ်မှု ၂ ကြိမ်လုပ်ခဲ့ပြီး အစ္စရေးဘက်က တုံ့ပြန်ပစ်ခတ်မှု မလုပ်ခဲ့ပါဘူး။
ရက် ၅၀ စစ်ပွဲတုန်းက ပါလက်စတိုင်းဘက်က လူ ၂၁၀၀ ကျော် သေဆုံးခဲ့ပြီး အစ္စရေးဘက်က ၇၃ ဦး သေဆုံးခဲ့ပါတယ်။
