ကမ္ဘာ့ကလပ်ဗိုလ်လုပွဲတွင် ရီးရဲလ်က ဆန်လိုရန်ဇိုကို ၂ ဂိုးပြတ် အနိုင်ရရှိ

1.1K
ဒီဇင်ဘာ ၂၀ ရက်နေ့က မော်ရိုကို နိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ကလပ် ဖလား ဗိုလ်လုပွဲမှာ ရီရဲလ်မက်ဒရစ်က တောင်အမေရိကအသင်း ဆန်လိုရန်ဇိုကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ရီရဲလ်မက်ဒရစ်အတွက်တော့ ကမ္ဘာ့ကလပ် ချန်ပီယံဖလားကို ပထမ ဆုံးအကြိမ်အဖြစ် ဆွတ်ခူးနိုင်တာပါ။
ရီရဲလ်ကပဲ ဘောလုံးပိုင်ဆိုင်မှုနဲ့ ထိုးဖောက် ကန် သွင်းခွင့်တွေ ပိုရခဲ့ပါတယ်။ တောင်အမေရိက ချန်ပီယံအသင်း တဖက်အသင်းရဲ့ တိုက်စစ်ကို မထိမ်းချုပ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။
ရီရဲလ်အတွက် ဦးဆောင်ဂိုးကို ရာမို့စ်က သွင်းယူပြီး ဒုတိယဂိုးကိုတော့ အစ္စကိုရဲ့ ဖန်တီးမှုကနေ ဂါရတ်ဘေးလ်က သွင်းယူပါတယ်။
နောက်ပိုင်း မိနစ်တွေမှာ ဆန်လိုရန်ဇိုရဲ့ အဝေးကစ် ကန်ချက်တွေကို ရီရဲလ်ဂိုးသမား ကာဆီလက် လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်ခဲ့ပါတယ်။
ရီရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ခေါင်းတိုက်ချက်ကို တဖက်ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်လို့ ၂ ဂိုးတည်းနဲ့ အနိုင်ရသွားတာပါ။
ရီရဲလ်အတွက်တော့ ပွဲပေါင်း ၂၂ ပွဲဆက်တိုက် အနိုင်ရတဲ့ စံချိန်ကို တင်လိုက်နိုင်ပါတယ်။ နည်းပြ အန်စလောတီ့ရဲ့ ရီရဲလ်အသင်းဟာ ၂၀၁၄ ရာသီထဲမှာ ချန်ပီယံလိဂ်၊ ကိုပါဒယ်ရေ ဖလား အပါအ၀င် ၄ ခုမြောက် ချန်ပီယံဆုဖလားကို ရယူနိုင်တာ ဖြစ်ပါတယ်။