သြစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ် မြောက်ပိုင်းက ကားရင့် ဆင်ခြေဖုံး အိမ်တအိမ်မှာ ကလေး ၈ ဦး သေဆုံးနေတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သံယယနဲ့ ဖမ်းဆီးထားတဲ့ သေဆုံးသူ ကလေး ၇ ဦးရဲ့ မိခင်ကို လူသတ်မှုနဲ့ စွဲချက်တင်လိုက်ပါတယ်။

မြောက်ပိုင်းဒေသ ထောက်လှမ်းရေးက အသက် ၃၇ နှစ် မာစိမ်း ၀ါရီယာ ခေါ် ရေနာသီဒေးကို စွဲချက်တင်လိုက်တာလို့ သြစတြေးလျ အခြေစိုက် ဆစ်ဒနီ မောနင်း ဟာရယ် သတင်းက ရေးပါတယ်။
ဒီဇင်ဘာ ၁၉ ရက်နေ့ အခင်းဖြစ်ပွားတဲ့နေရာမှာ ဒဏ်ရာတွေနဲ့တွေ့ရှိခဲ့တဲ့ ၀ါရီယာကို ဆေးရုံကို တင်ပို့ခဲ့ပြီးတဲ့နောက် သူ့ကို ဖမ်းဆီးခဲ့ပါတယ်။
အသတ်ခံရတဲ့ ကလေးတွေကတော့ မိန်းကလေး ၄ ဦးနဲ့ ယောက်ျားလေး ၄ ဦး ဖြစ်ပါတယ်။
အသတ်ခံရတဲ့ ကလေး ၇ ဦးဟာ ယောက်ျား ၅ ဦးနဲ့ ရရှိခဲ့တာ ဖြစ်ပြီး ၁ ဦးကတော့ ၀ါရီယာရဲ့ တူမဖြစ်ပါတယ်။