ဆူဇူကီးဖလားပြိုင်ပွဲ ထိုင်းအသင်း ချန်ပီယံဆု ဆွတ်ခူး

ဓာတ်ပုံ - bangkokpost
843
ဒီဇင်ဘာ ၂၀ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အာစီယံ ဆူဇူကီးဖလား ဒုတိယအကျော့ ဗိုလ်လုပွဲမှာ ထိုင်းက မလေးရှားကို နှစ်ပွဲပေါင်းရလဒ် ၄ ဂိုး ၃ဂိုးနဲ့ နိုင်ပြီး ချန်ပီယံဆုကို ဆွတ်ခူး သွားပါတယ်။
[caption id="attachment_74444" align="aligncenter" width="620"]
ဓာတ်ပုံ - bangkokpost[/caption]
အခုယှဉ်ပြိုင်သွားတဲ့ ဗိုလ်လုပွဲ ဒုတိအကျော့မှာ မလေးရှားက ၃ ဂိုး ၂ ဂိုးနဲ့ နိုင်ပေမယ့် ပထမပွဲမှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးထားလို့ ထိုင်းက နှစ်ပွဲပေါင်း ရလဒ်နဲ့ ဗိုလ်စွဲသွား တာပါ။
မလေးရှားအသင်းဟာ အိမ်ကွင်း ပရိသတ်တွေရဲ့ ရှေ့မှာ ပွဲစတာနဲ့ တိုက်စစ် အရှိန်တင် ကစားသွားပြီး ဦးဆောင်ဂိုးကို ပင်နယ်တီကနေ ရသွားတာပါ။
ဒီပွဲမှာ ထိုင်းအသင်း ပထမအကျော့မှာတုန်းကလောက် တိုက်စစ်ဆင် မကစားနိုင်ဘဲ ခံစစ်အားပြု ယှဉ်ပြိုင်သွားပါတယ်။
မလေးအတွက် ဒုတိယဂိုးကို ခေါင်းတိုက် သွင်းယူပါတယ်။ တတိယဂိုးကိုတော့ ဖရီးကစ်ကနေ တိုက်ရိုက် သွင်းယူတာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ ထိုင်းအသင်း ကစားပုံုံ ပိုကောင်းလာပြီး ပထမချေပဂိုးကို ဖရီးကစ်ကနေတ ဆင့် ထပ်ဆင့် ပိတ်ယူပါတယ်။ ဒုတိယဂိုးကိုတော့ အဝေးကစ်ကနေ သွင်းယူတာ ဖြစ်ပါတယ်။
ထိုင်းအတွက်တော့ ၁၂ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အာဆီယံဆုဖလားကို ရယူနိုင်တာပါ။ ထိုင်းအသင်းဟာ အာဆီယံဆူဇူကီးဖလား ချန်ပီယံဆုနဲ့ အတူ ဆုကြေးငွေ ဒေါ်လာ ၂ သိန်း ရရှိမှာ ဖြစ်ပါတယ်။