A d v e r t i s e m e n t With Us

ဆိုနီ ကွန်ပျူတာစနစ် ထိုးဖောက်ခံရမှု စွပ်စွဲချက် မြောက်ကိုရီးယား တုံ့ပြန်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် စစ်အရာရှိများ
[caption id="attachment_74439" align="aligncenter" width="480"]မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် စစ်အရာရှိများ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် စစ်အရာရှိများ[/caption] ဆိုနီရုပ်ရှင်ကုမ္ပဏီ ကွန်ပျူတာစနစ် ထိုးဖောက်မှုကို မြောက်ကိုရီးယားနိုင်ငံက လုပ်ဆောင်ခဲ့တာလို့ အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေး ရေးဗျူရို (အက်ဖ်ဘီအိုင်) ရဲ့ စွပ်စွဲမှုကို  မြောက်ကိုရီးယားနိုင်ငံက ဒီဇင်ဘာ ၂၀ ရက်နေ့မှာ အပြင်းအထန်တုံ့ပြန်ခဲ့ပါတယ်။ အဲဒီကိစ္စစုံစမ်းရေးကို အမေရိကန်နိုင်ငံနဲ့ ပူးတွဲလုပ်ဆောင်နိုင်တယ်လို့ ပြောဆိုပြီး အဲ့လိုအခြေအမြစ်မရှိတဲ့ စွပ်စွဲမှုတွေ မလုပ်ဖို့ အမေရိကန်နိုင်ငံကို သတိပေးခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ပူးတွဲစုံစမ်းမှုကို မလုပ်ရင် အမေရိကန်နိုင်ငံက ဆိုးဝါးတဲ့အကျိုးဆက်ကို ခံရမယ်လို့လည်း နိုင်ငံပိုင်သတင်းဌာနကနေ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ ဆိုနီကုမ္ပဏီက ထုတ်လုပ်တယ်ဆိုတဲ့ ရုပ်ရှင်ဟာ မြောက်ကိုရီးယားခေါင်းဆောင်ကို သရော်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ လာမယ့် ခရစ္စမတ်နေ့မှာ ရုံတင်ဖို့ စီစဉ်ခဲ့ပေမယ့် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ပြသမယ့်အစီအစဉ်ကို လောလောဆယ်ဖျက်သိမ်းထားတာပါ။ ဒါပေမယ့် ဆိုနီရုပ်ရှင်ကုမ္ပဏီ စီအီးအိုကတော့ ရုပ်ရှင်ရုံတွေမှာ မပြရပေမယ့် တခြားပုံစံတနည်းနည်းနဲ့ ပြသဖို့ကို စဉ်းစားနေတယ်လို့ ဒီဇင်ဘာ ၁၉ ရက်နေ့က ရုပ်မြင်သံကြား မေးမြန်းခန်းတခုမှာ ပြောဆိုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up