A d v e r t i s e m e n t With Us

မန်စီးတီးအနိုင်ရပြီး မန်ယူ သရေကျသွားသည့် ပရီးမီးယားလိဂ်ပွဲစဉ် ရလဒ်များ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီး အနိုင်ရပြီး မန်ယူက သရေကျသွားပါတယ်။ Silva goal1 cele5 မန်စီးတီးက အိမ်ကွင်းမှာ ဒဏ်ရာရှိနေတဲ့ တိုက်စစ်မှူး ၃ ယောက် မပါဘဲနဲ့ ယှဉ်ပြိုင်သွားပြီး ခရစ်စတယ်ပဲလေ့စ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားတာပါ။ အနိုင်ဂိုးတွေကို ကွင်းလယ်သမားတွေဖြစ်တဲ့ ဆေးဗားက ၂ ဂိုးနဲ့ တိုရေးက ၁ ဂိုး သွင်းယူတာပါ။ဒီပွဲနိုင်လို့ မန်စီးတီးက ၃၉  မှတ်နဲ့ ဇယားထိပ်က တပွဲလျော့ ချဲလ်ဆီးနဲ့ အမှတ်တူ သွားပြီ ဖြစ်ပါတယ်။ စီးတီးရဲ့ ပြိုင်ဘက် မန်ယူကတော့ အဝေးကွင်းမှာ အက်စတွန်ဗီလာနဲ့ ၁ ဂိုးစီ သရေကျသွားပါတယ်။ဗီလာက ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး မန်ယူအတွက် ချေပဂိုးကို တိုက်စစ်မှူး ဖယ်ကာအိုက သွင်းယူပါတယ်။ ဒီပွဲသရေကျလို့ မန်ယူရဲ့ ၇ ပွဲဆက်တိုက် အနိုင်ရရေး မျှော်လင့်ချက်တွေလည်း အဆုံးသတ် သွားပါတယ်။ မန်ယူဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုနဲ့ ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရခဲ့ပေမယ့် သရေတမှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။ ဒီပွဲသရေကျလို့ မန်ယူက ၃၂ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပြီး ဇယားထိပ်က ချဲလ်ဆီးနောက် ၇ မှတ်အကွာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up