လိဒ်နှင့်ဟာလ်းစီးတီး တိုက်စစ်မှူးဟောင်း မြန်မာနေရှင်နယ်လိဂ်တွင် ကစားမည်

အင်္ဂလန်ပရီးမီးယားလိဂ်က လိဒ်ယူနိုက်တတ်၊ ဟာလ်းစီးတီး ရှေ့တန်း တိုက်စစ်မှူးဟောင်း ကာလက်ဖိုလန်ဟာ မြန်မာ နေရှင်နယ်လိဂ်မှာ လာရောက်ကစားတော့မှာ ဖြစ်ပါတယ်။ [caption id="attachment_74406" align="aligncenter" width="501"]folan1 ကာလက်ဖိုလန် (ဓာတ်ပုံ - KBZ FC)[/caption] အိုင်ယာလန်သမ္မတနိုင်ငံ လက်ရွေးစင် အသက် ၃၂ နှစ်အရွယ် ရှေ့တန်းတိုက်စစ်မှူးဟာ ကမ္ဘောဇကလပ်အသင်းနဲ့ ၁ နှစ်သက်တမ်း လတ်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ ဖိုလန်ဟာ ဗြိတိန်က ၀ီဂန်၊ မစ်ဒယ်ဘရော့၊ ဘရက်ဖို့စီးတီး၊ ဘာမင်ဂမ်ကလပ်အသင်းအပါအ၀င် အမေရိကန်ပြည်ထောင်စု မေဂျာလိဂ်နဲ့ မလေးရှား ကလပ်အသင်းတွေမှာ ကစားခဲ့ပါတယ်။ အလားတူ ရှက်တာဒိုးနက်၊ ဇလီနာစတဲ့ ကလပ်အသင်းတွေမှာ ကစားခဲ့တဲ့ ဂျော်ဂျီယာကွင်းလယ်ကစားသမား ဂျော်ဂျီကိုလည်း ၁ နှစ်သက်တမ်းရှိ ကန်ထရိုက်စာချုပ်နဲ့ ခေါ်ယူလိုက်တယ်လို့ ဆိုပါတယ်။ ၂၀၀၅ ခုနှစ်မှာ တည်ထောင်ထားတဲ့ ကမ္ဘောဇအသင်းဟာ မြန်မာနေရှင်နယ်လိဂ်မှာ တတိယနေရာက ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up