ဆိုနီ ရုပ်ရှင် ဖျော်ဖြေရေးကို ဆိုင်ဘာတိုက်ခိုက်မှုဟာ ၀င်ငွေနဲ့ ပြန်လည်ပြင်ဆင်စရိတ် ဒေါ်လာသန်း ရာနဲ့ချီ ထိခိုက်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
[caption id="attachment_72250" align="alignleft" width="340"]

the interview ရုပ်ရှင်ကား မျက်နှာဖုံး[/caption]
နိုဝင်ဘာ ၂၄ ရက်က ဆိုင်ဘာ တိုက်ခိုက်ခံခဲ့ရတဲ့ အတွက် မြောက်ကိုးရီး ယား ခေါင်းဆောင်ကို သရော်ထားတဲ့ အင်တာဗျူးလို့ အမည်ပေးထားတဲ့ ဇာတ်ကားကို ဖြန်ချိဖို့ အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။
ဇာတ်ကား ဟာ မြောက်ကိုးရီး ယား ခေါင်းဆောင် ကင်ဂျုံအန်းကို အမေရိကန် ဗဟို ထောက် လှမ်းရေး အေဂျင်စီက လုပ်ကြံတဲ့ အကြောင်းကို သရော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။
မမျှော်လင့်တဲ့ တိုက်ခိုက်မှုကြောင့် ဆိုနီကွန်ပျူတာ စနစ်တွေ ရပ်ဆိုင်းသွားခဲ့သလို ရုပ်ရှင် ၅ ကားဟာလည်း အင်တာနက်မှာ ပျံနှံ့သွားပါတယ်။
ဒါအပြင် ၀န်ထမ်း ၄ သောင်း ၇ထောင်ရဲ့ အတွင်းရေး စာရွက်စာတမ်းတွေနဲ့ လာမယ့် ဂျိမ်းစဘွန်း ရုပ်ရှင်ဇာတ်ညွန်းတွေလည်း ပါသွားပါတယ်။
[caption id="attachment_74394" align="aligncenter" width="537"]

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း[/caption]
ဝန်ထမ်းတွေရဲ့ ကိုယ်ရေးမှတ်တမ်းတွေ ပါသွားတဲ့အတွက် ၀န်ထမ်းတွေက လျော်ကြေးပေးဖို့ တောင်းဆိုနေပါတယ်။ ဒါအပြင် ဆိုနီကုမ္ပဏီက တခြား ပြဿနာ တွေကိုလည်း ရင်ဆိုင်နေရပါတယ်။
ပျက်စီးနေတဲ့ အရည်အသွေးအနည်းငယ်ရှိတဲ့ ကောင်မလေးဆိုပြီး ရုပ်ရှင်သရုပ်ဆောင် အိန်ဂျလိနာ ဂျိုလီကို ခေါ်ဝေါ်ထားတဲ့ အီးမေးလ်လည်း ဖောက်ထွင်းတဲ့ အထဲ ပါသွားတဲ့ အတွက် ဂျိုလီနဲ့ ဆက်ဆံရေးကို ဆိုနီက ပြန်လည်တည်ဆောက်ရမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးကို စောင့်ရှောက်သူများအဖွဲ့က ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တယ်လို့ ပြောဆိုပေမယ့် အက်ဖ်ဘီအိုင်ကတော့ မြောက်ကိုရီးယားကို အပြစ်တင်ခဲ့ပါတယ်။
ဒီအဖွဲ့က ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားတဲ့ ရုပ်ရှင်ရုံတွေကိုလည်း တိုက်ခိုက်သွားမယ်လို့ ကြေညာခဲ့တဲ့အတွက် အမေရိကန်က ရုပ်ရှင်ရုံအများစုကတော့ မပြတော့ဘူးလို့ ကြေညာခဲ့ပါတယ်။
တခြားနည်းလမ်းနဲ့ ဒီဇာတ်ကားကို ဖြန်ချိဖို့ လုပ်ဆောင်နေသလို စစ်တမ်းတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုနီကပြောပါတယ်။
ဇာတ်ကားကို မဖြန့်ဘူးဆိုရင် အမှားတခုကို လုပ်တာ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားက မှတ်ချက်ပေးခဲ့ပါတယ်။