A d v e r t i s e m e n t With Us

လေယာဉ်ဆီ ဖြန့်ဖြူးရန် ပူးမားအုပ်စုကို ရွေးချယ်

အစိုးရပိုင်  မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE) က ပူးမား (Puma) စွမ်းအင် အုပ်စုကို လေယာဉ်ဆီ ဖြန့်ဖြူးရေး အတွက် အကျိုးတူပူးပေါင်းလုပ်ဆောင်ဖို့ ရွေးချယ်လိုက်ပါတယ်။ newsmain-bp copyလေယာဉ်ဆီဖြန့်ဖြူးရေး လက်တွဲလုပ်ဆောင်ဖို့ အတွက် ကနဦးက ရွေးချယ်ထားတဲ့ ကုမ္ပဏီ ၄ ခုထဲကနေ ရွေးချယ်လိုက်တာလို့ ရိုက်တာ သတင်းမှာ ရေးပါတယ်။ “အကျိုးတူပူးပေါင်း သဘောတူညီချက်အတိုင်း နိုင်ငံအတွင်းက ကျန်ရှိနေတဲ့ လေဆိပ်တွေမှာ လေယာဉ်ဆီ ဖြန့်ဝေတာ တင်သွားတာတွေကို လုပ်ဆောင်တဲ့ အချိန်မှာပဲ တင်ဒါအောင်တဲ့သူတွေနဲ့ MPPE က အမြန်ဆုံးသဘောတူလတ်မှတ်ထိုးသွားမှာ ဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းမှာ ရေးပါတယ်။ အရှေ့တောင်အာရှမှာတော့ MPPE က လေယာဉ်ဆီကို အဓိက ဖြန့်ချိနေတာဖြစ်ပြီး လေဆိပ် ၁၁ ခုအတွက် လေယာဉ်ဆီ ဂါလံ ၂၈ သန်းဖြန့်ဖြူးပေးနေပါတယ်။ ပူးမား အုပ်စုဟာလည်း နိုင်ငံပေါင်း ၄၀ ကျော်မှာ လုပ်ဆောင်နေသလို  အမေရိက တောင်ပိုင်း အလယ်ပိုင်းနဲ့ အာဖရိကက လေယာဉ်ကွင်း ၄၁ကွင်းကို လေယာဉ်ဆီတွေ ဖြန့်ဝေနေပါတယ်။ မြန်မာနိုင်ငံမှာလည်း ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေး လုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာတဲ့ အတွက် ရန်ကုန် မန္တလေးနဲ့ နေပြည်တော်က နိုင်ငံတကာ လေဆိပ်တွေမှာ လေယာဉ်ဆီ ၀ယ်လိုအားက မြင့်တက်လာပါတယ်။ မေ ၁၉ ရက်မှာ ပြည်ပက လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးရေး လုပ်ငန်းကို နိုင်ငံတကာကုမ္ပဏီတွေနဲ့ အကျိုးတူ လုပ်ဆောင်ဖို့ MPPE တင်ဒါခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up