A d v e r t i s e m e n t With Us

ၾသစေၾတးလ် သတ္တုတွင်း လုပ်ငန်းရှင်ကို ပြန်ပေးမှုဖြင့် တရားစွဲ

သြစတြေးလျ လွှတ်တော်အမတ်ရဲ့ အကြီးတန်း မီဒီယာအကြံပေးနဲ့ ချမ်းသာသလောက် သြဇာလဲကြီးတဲ့ သတ္တုတွင်းလုပ်ငန်းရှင် ကလိုက်ဖ် ပေါလ်မာကို အင်ဒိုနီးရှားကျွန်းပေါ်မှာ ဘဏ်အမှုဆောင်တဦးကို ပြန်ပေးဆွဲမှုနဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က တရားစွဲခဲ့ပါတယ်။ [caption id="attachment_74385" align="alignright" width="293"]Australian Billionaire Clive Palmer speaks at a press conference to announce his plan to build Titanic II at the Ritz ကလိုက်ဖ် ပေါလ်မာ[/caption] သူ့ရဲ့ပါတီဟာ လွှတ်တော်အတွင်း သြဇာဟန်ချက်ညီမှုကို ပိုင်ဆိုင်ထားတာပါ။ ပေါလ်မာက လစာကောင်းတဲ့အလုပ် ကမ်းလှမ်းချင်ယောင်ဆောင်ပြီး အကြံပေး အန်ဒရူးခရွတ်၊ အားကစားငွေကြယ်ပွင့်ဟောင်း တိုနီစမစ်သ်နဲ့ အကြီးတန်းစုံထောက်ဟောင်း မိုက် ဖဲသာ စတုံးတို့က အမျိုးသားသြစတြေးလျဘဏ်က အမှုဆောင်ကို စင်ကာပူကနေတဆင့် သြစတြေးလျနိုင်ငံ ဘာတမ်ကျွန်းပေါ်ကို မျှား ခေါ်ခဲ့တာလို့ ဆိုပါတယ်။ ဘာတမ်ကိုအရောက်မှာ အင်ဒိုနီးရှားလုံခြုံရေးအရာရှိ အယောင်ဆောင်တွေက ဘဏ်အမှုဆောင် ကို ဖမ်းဆီးပြီး အကြမ်းဖက် ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီနောက် သြစတြေးလျဘောလုံးအသင်းချုပ် ကစားသမားဟောင်း စမစ်သ်နဲ့ NAB တို့ကြားက တရားရုံးအမှုဖြစ်တဲ့ သြစတြေးလျဒေါ်လာ သန်း ၇၀ နဲ့ ပတ်သက်တဲ့ သက်သေတွေကို ပယ်ဖျက်တဲ့ရုပ်သံကို မှတ်တမ်းတင်ခဲ့ပါတယ်။ ရဲတွေကတော့ ပေါလ်မာဟာ ဒီလုပ်ကြံမှုကို မသိခဲ့ဘူးလို့ ပြောပါတယ်။ ပေါလ်မာကတော့ ဒီကိစ္စကို သူ မသိသလို ဘယ်လို ထင်မြင်ယူဆချက်မှလည်း မရှိဘူးလို့ ရိုက်တာစ် သတင်းဌာနကို ပြောပါတယ်။ ကွင်းစလန်ပြည် နယ်ရဲထောက်လှမ်းရေး ရဲမှူး မိုက်ကယ်နီလန်က ဒီတရားစွဲမှုနဲ့ပတ်သက်တဲ့ နိုင်ငံရေးဆိုင်ရာ အဆိုပြုချက်တွေဟာ လုံးလုံး အဓိပ္ပာယ်မရှိဘူးလို့ ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up