A d v e r t i s e m e n t With Us

မူးယစ်တိုက်ဖျက်ရေး အရေးယူဆောင်ရွက်ခြင်းမရှိသည့်အတွက် ပြည်သူများဆန္ဒပြ

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ မူးယစ်ဆေးတိုက်ဖျက်ရေး တာဝန်ရှိသူတွေက ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာ မရှိတဲ့အတွက်  ပြည်သူတွေ ဆန္ဒဖော်ထုတ်နေပါတယ်။ ppဒေသခံတွေအများစုက မူးယစ်ဆေးဝါး ကျေးကျွန်တွေ ဖြစ်နေရတာကို မြင်တွေ့နေရသလို ဒီဒေသက တိုင်းရင်းသားတွေက မူးယစ်ဆေးဝါးကို အန္တရာယ်အဖြစ်မမြင်ဘဲ ပျော်စရာအဖြစ် မှတ်ယူတဲ့အခြေအနေကို သတိပေးလိုတဲ့အတွက် ဆန္ဒပြတာလို့ ဆန္ဒပြပွဲကို စီစဉ်တဲ့ အရပ်ဘက်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ  ဦးဆိုင်းနော်က ပြောပါတယ်။ “အိမ်တိုင်းနီးပါးက မူးယစ်ဆေးဝါးအန္တရာယ်ကို ခံစားနေရတဲ့အတွက် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုရှိလာတာကို မြင်ရပါတယ်၊ အာဏာပိုင်တွေက အရေးယူမှု ရှိပေမယ့် အရေးယူမှု အားနည်းတယ်လို့ ပြောချင်ပါတယ်” လို့ သူက ပြောပါတယ်။ မိုးညှင်းမှာ လူငယ်တွေအများဆုံး မူးယစ်ဆေးဝါးကို အသုံးပြုသလို လူကြီးတွေကလည်း အသုံးပြုနေတာကို တွေ့ရှိနေပြီး မူးယစ်ဆေးဝါးကို ကချင်လူမျိုးတွေ အများစုနေထိုင်တဲ့ ရပ်ကွက်မှာ ရောင်းချနေတယ်လို့ ဦးဆိုင်းနော်က ပြောပါတယ်။ ဆန္ဒပြခွင့်တောင်းခံပြီး လူအင်အား ၂၅၀ လောက် ဆန္ဒပြမှာ ဖြစ်သလို မိုးညှင်းမြို့ စိန်ပက်ထရစ် ဘုရားကျောင်းကနေထွက်ပြီး မြို့ကို တပတ်ပတ်ကာ လွတ်လပ်သော တိုင်းရင်း ခရစ်ယာန် အသင်းတော်မှာ အဆုံးသတ်မယ်လို့ သူက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကချင်ပြည်နယ်မှာ လူငယ်အများစုဟာ မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်ဖြစ်နေတယ်ဆိုတဲ့ ဖြစ်ရပ်မှန် မှတ်တမ်းရုပ်သံတွေ နိုင်ငံတကာ သတင်းဌာနတွေမှာ ပြသခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up