မကဒတ ကျဆုံးရဲဘော်များအတွက် ရေစက်သွန်းချအမျှဝေပွဲ တောင်ငူတွင် ပြုလုပ် (ဓာတ်ပုံ)
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ကျောင်းသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်မြောက် ငွေရတုအထိမ်းအမှတ်အဖြစ် ကျဆုံးသွားတဲ့ ဒီမိုကရေစီသူရဲကောင်းတွေအတွက် ရေစက်သွန်းချအမျှ ပေးဝေတဲ့ အခမ်းအနားကို တောင်ငူမြို့ စည်ပင်ဂိုဏ်းအုပ် ဘုန်းကြီးကျောင်းမှာ ဒီနေ့မနက် ကျင်းပပြုလုပ်ခဲ့ပါတယ်။
ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့အတူ ကျင်းပပြုလုပ်နေပြီး နေ့လယ်ပိုင်းမှာ မိသားစုဝင်တွေကို ဒီမိုကရေစီသူရဲကောင်း ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်တဲ့ အခမ်းအနား ပြုလုပ်မယ်လို့ သိရပါတယ်။
[gallery ids="74362,74363,74364,74365,74366,74367,74368"]