A d v e r t i s e m e n t With Us

ဦးအေးမောင်ကြီးကို အမျိုးသမီးဘောလုံးအသင်း နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်

မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း နည်းစနစ် ဒါရိုက်တာအဖြစ် လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးအေးမောင်ကြီးကို ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ ဦးအေးမောင်ကြီးဟာ အရင်က မြန်မာ နေရှင်လိဂ် ကလပ်တွေ ဖြစ်တဲ့ ကမ္ဘောဇနဲ့ ဇွဲကပင် တို့မှာ တာဝန် ထမ်းဆောင် ခဲ့ဖူးပါတယ်။ 5.-Womens-football-team၂၀၀၉ က လာအိုမှာ ကျင်းပတဲ့ အရှေ့တောင်အာရှ အားကစားပွဲ ဆီးဂိမ်းမှာလည်း မြန်မာ အမျိုးသမီးဘောလုံးအသင်းရဲ့ နည်စနစ် အကြံပေးအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက တာဝန်ယူထားပါတယ်။ ပြီးခဲ့တဲ့ ဆီးဂိမ်းအပြီး ဂျပန်လူမျိုး နည်းပြနဲ့ လမ်းခွဲပြီးတဲ့နောက် ပြည်တွင်းနည်းပြတွေကပဲ ကိုင်တွယ်နေတာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းဟာ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲအတွက် အာရှဇုန်ခြေစစ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ လေ့ကျင်နေပါတယ်။ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲအတွက် အာရှဇုန် အမျိုးသမီးဘောလုံးခြေစစ်ပွဲ ပထမအဆင့်ပွဲစဉ်တွေကို လာမယ့်နှစ် မတ်လ ၉ ရက်ကနေ ၁၅ ရက်နေ့အထိ အပြီးကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းဟာ အိန္ဒိယ၊ ဘာရိန်း၊ သီရိလင်္ကာ တို့နဲ့ တအုပ်စုတည်း ကျပါတယ်။ အုပ်စုပထမရတဲ့ အသင်းတသင်းသာ ဒုတိယအဆင့်ကို တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up