A d v e r t i s e m e n t With Us

မဲခေါင်ထိပ်သီးအစည်းအဝေးတက်ရန် သမ္မတ ဦးသိန်းစိန် ဘန်ကောက်ရောက်ရှိ

ဓာတ်ပုံ - ဦးရဲထွဋ် ဖေ့စ်ဘွတ်ခ်
မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဘန်ကောက်မြို့မှာ ကျင်းပတဲ့  ၅ ကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို  ဒီကနေ့ရောက်ရှိနေပါတယ်။ အားလုံးပါဝင်တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ ဒေသဖြစ်ရေး ဦးတည်ဆွေးနွေးမယ့် မဲခေါင်ထိပ်သီးအစည်းအဝေးမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံ ၆ နိုင်ငံက နိုင်ငံ ခေါင်းဆောင်အဆင့်နဲ့ ၀န်ကြီးအဆင့် ပုဂ္ဂိုလ်တွေက စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွေကျင်းပပြီး ဆွေးနွေးနေကြတာပါ။ ဒီဇင်ဘာလ ၁၉ ရက်ကနေ ၂၀ ရက်ထိ  ၂ ရက်ကြာ ဒီဆွေးနွေးပွဲအတွင်း  မဲခေါင်ဒေသတွင်း နိုင်ငံတွေအတွက် ဖွံ့ဖြိုးရေးစီမံကိန်းပေါင်း ၂၀၀ ကျော် အတည်ပြုဖို့ရှိနေ တာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up