အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါနဲ့ ဆေးရုံတင်ထားရတဲ့ အိန္ဒိယ ကွန်ဂရက် ဥက္ကဋ္ဌ ဆိုနီယာ ဂန္ဒီ အခြေအနေက သက်သာ တည်ငြိမ်လာပြီ ဖြစ်ပါတယ်။
[caption id="attachment_74315" align="aligncenter" width="535"]

ဓာတ်ပုံ - Press Trust of India[/caption]
ဆာဂန်ဂါရမ် ဆေးရုံက စီမံခန်ခွဲမှု ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ အေဂျေ ဆွာရွတ်က သူရဲ့ အခြေအနေက တိုးတက်လာပြီး တည်ငြိမ်လာပြီလို့ ပြောပါတယ်။
ဒီဇင်ဘာ ၁၈ ရက်နေ့က အသက် ၆၈ နှစ်အရွယ် ဆိုနီယာ ဂန္ဒီကို အသက်ရှူခက်တဲ့အတွက် ဆေးရုံကို တင်ပို့လိုက်ရတာလို့ ဆိုပါတယ်။
၂၀၁၁ ခုနှစ် အမေရိကန် ပြည်ထောင်စုမှာ ခွဲစိတ်ကုသခံယူခဲ့ပြီးတဲ့နောက် သူရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ခန့်မှန်းချက်တွေ အများအပြားထွက်ပေါ်ခဲ့ပါတယ်။