A d v e r t i s e m e n t With Us

ပြည်ပဆန်တင်ပို့မှု မြန်မာအကျိုးအမြတ်ရဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ထုတ်ပြန်

၂၀၁၄ ခုနှစ် ကမ္ဘာမှာ နှစ်စဉ် ခန့်မှန်း ဆန်ထုတ်လုပ်မှု ကျဆင်းနေပေမယ့်  မြန်မာကတော့ ဆန်ထုတ်လုပ်မှုတိုးလာပြီး အကျိုးအမြတ်ရှိခဲ့တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) က ထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာလအတွက် ထုတ်ပြန်တဲ့ FAOရဲ့ ကမ္ဘာ့ဆန်ဈေးကွက်စောင့်ကြည့်ရေး အစီရင်ခံစာမှာ အခုလို ရေးသားထားတာ ဖြစ်ပါတယ်။ Rice exportအစိုးရတရားဝင်ထုတ်ပြန်တဲ့ စာရင်းဇယားအရ ၂၀၁၄ ခုနှစ်မှာ ဆန် တန်ချိန် သန်းပေါင်း ၂၈.၉ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် မြန်မာရဲ့ ဆန်ထုတ်လုပ်မှုဟာ တန်ချိန်သန်းပေါင်း ၂၈.၃ ရှိခဲ့သလို ၂၀၁၂ ခုနှစ်မှာတော့ တန်ချိန်သန်းပေါင်း ၂၇.၇ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ရေးပါတယ်။ ဒါအပြင် ၂၀၁၄ ခုနှစ်အတွက် မြန်မာရဲ့ ပျှမ်းမျှ ဆန်တင်ပို့မှုဟာ အရင် ၂ နှစ်နဲ့ စာရင် မြင့် တက်လာတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ထိုင်းနိုင်ငံကတော့ ဆန်တင်ပို့မှု အများဆုံးနဲ့ ဈေးကွက်ကို လွှမ်းမိုးထားသလို ဈေးကွက်မှာ ပြိုင်ဆိုင်မှုတွေ ရှိနေပေမယ့် ကမ္ဘောဒီးယား၊ တရုတ်၊ မြန်မာ ၊ပါကစ္စတန် ၊ ပါရာဂွေးနဲ့ အမေရိကန် ပြည်ထောင်စုတို့ ကလည်း ပိုမို တင်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကျန်ရှိနေတဲ့ဆန်တွေကို ကုန်အောင် ထုတ် ရောင်းထုတ်တာဟာ အိန္ဒိယ၊ မြန်မာ ၊ထိုင်း နိုင်ငံတွေ အတွက် အဓိက စိုးရိမ်စရာ ဖြစ်နေတယ်လို့  ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ က သတိပေး ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up