A d v e r t i s e m e n t With Us

ထိုင်းနိုင်ငံတွင် မြန်မာအပါအ၀င် သံဃာအပါး ၄၀ ကျော် အစာအဆိပ်သင့်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချူလာလောင်ကွန်းတက္ကသိုလ်က မြန်မာသံဃာ ၁၅ ပါး အပါအ၀င် သံဃာတော် အပါး ၄၀ အစာအဆိပ်သင့်ပြီး ဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေရပါတယ်။ အဲဒီတက္ကသိုလ်မှာ ပညာသင်နေတဲ့ နိုင်ငံပေါင်းစုံက သံဃာတွေက ဒီဇင်ဘာလ ၁၈ ရက် မနက်က ဆွမ်းဘုန်းပေးစဉ်မှာ အစာအဆိပ်သင့်ခဲ့ကြတာလို့ သံယာတွေကို သွားရောက်ကြည့်ရှုအားပေးခဲ့တဲ့ အရှင်တေဇက ဒီဗွီဘီကို မိန့်ပါတယ်။ 10420120_10202034265417763_7645546439116885924_n“ဘီအေကျောင်းသား သံဃာတွေက ဆယ်ရက်တရားစခန်းဝင်နေကြတာပါ။ သံဃာတွေက ထောင်ကျော်ရှိတော့ သူတို့ အရုဏ်ဆွမ်းကို ညကတည်းက စီစဉ်ရတယ်။ အဲဒီညက ထမင်းကြော် စီစဉ်ထားတဲ့အခါမှာ ထမင်းသိုးသွားတာရယ်၊ ခရု၊ ဂဏန်းတွေ ပုစွန်တွေပါတဲ့ ပင်လယ်အစားအစာတွေ စားမိတာကြောင့် အော့အန်တာတွေ ၀မ်းသွား တာတွေ၊ အထက်လှန်အောက်လျှောလိုဖြစ်ကြတယ်။” တက္ကသိုလ် တာဝန်ရှိသူတွေက အစာအဆိပ်သင့် သံဃာတွေကို အယုဒ္ဒယဆေးရုံ၊ ချူလာလောင်ကွန်းနဲ့ ၀မ်နွိုင်ဆေးရုံတွေမှာ ၃ နေရာခွဲ ပို့ဆောင်ထားပြီး သံဃာတော်တွေရဲ့ အသက်အန္တရာယ် စိုးရိမ်စရာ မရှိပေမယ့်  ၃ - ၄ ရက် လောက် ဆေးရုံမှာ ဆက်နေဖို့  ဆရာဝန်တွေက ညွှန်ကြားထားပါတယ်။ အဲဒီတက္ကသိုလ်မှာ မြန်မာ၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ အစရှိတဲ့ သံဃာ အပါး ၁၀၀၀ ကျော် ဗုဒ္ဓဘာသာရပ် လာရောက်ပညာ ဆည်းပူးနေကြတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up