A d v e r t i s e m e n t With Us

သြစတြေးလျတွင် ကလေး ၈ ဦးကို သေဆုံးလျက်တွေ့ရှိ

သြစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ် မြောက်ပိုင်းက မန်နျူရာ ဆင်ခြေဖုံးက အိမ်တအိမ်မှာ ကလေး ၈ ဦး သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 536279414သေဆုံးသူ ကလေးတွေရဲ့ မိခင် အသက် ၃၄ နှစ်အရွယ် အမျိုးသမီးက ဓားထိုးခံဒဏ်ရာတွေနဲ့ ဆေးရုံကို ရောက်လာခဲ့ပေမယ့် အခြေအနေက တည်ငြိမ်နေတယ်လို့ ပြောပါတယ်။ အခုထိတော့ တစုံတဦးမှ ဖမ်းဆီးခြင်းမရှိသေးသလို ဒဏ်ရာရတဲ့ အမျိုးသမီးက စုံစမ်းစစ်ဆေးမှုကို ကူညီနေတယ်လို့ ပြောပါတယ်။ အသက် ၁၈ လကနေ ၁၅ နှစ်ကလေးတွေ ဓားထိုးခံရတယ်ဆိုတဲ့ သြစတြေးလျ သတင်းတွေကိုတော့ ရဲတပ်ဖွဲ့က အတည်ပြုခြင်း မရှိပါဘူး။ သြစတြေးလျ ၀န်ကြီးချုပ် တိုနီအဘောက်ကတော့ ပြောမပြတတ်တဲ့ ရာဇ၀တ်မှု အဖြစ် ပြောဆိုလိုက်ပြီး မိဘာတွေအားလုံး ဒီဖြစ်ရပ်အတွက် ၀မ်းနည်းခံစားနေရမယ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တဲ့ အိမ်ကို ရဲတပ်ဖွဲ့တွေက ပိတ်ဆို့ထားပြီးတော့ စုံထောက်တွေက ရှာဖွေနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up