ထိန်းချုပ် ဒုံးများကို ရှာဖွေနိုင်မည့် စစ်လေယာဉ် အမေရိကန် ပြသ

ထိန်းချုပ်နိုင်တဲ့ နျူကလီးယား ဒုံးအန္တရာယ်ကနေ ကာကွယ်နိုင်တဲ့ လေယာဉ်ကို ဒီဇင်ဘာ ၁၇ ရက်နေ့က အမေရိကန် ပြည်ထောင်စုရဲ့ စစ်တပ်က ပြသလိုက်ပါတယ်။ Army blimp to help detect cruise missilesဒီလေယာဉ်ဟာ မြေပြင်ကနေ အမြင့်ပေ ၁ သောင်းအထိ ပျံသန်းနိုင်မှာ ဖြစ်ပြီး နိုင်ငံရဲ့ အရှေ့ဘက် ကမ်းခြေ မိုင် ၃၄၀ အကွာအဝေးကို ရေဒါနဲ့ ထောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ အမေရိကန် အရှေ့ဘက်ကမ်း မေရီလန်းပြည်နယ်၊ ဘာလ်တီမော အပြင်ဘက်မှာ J-LENS လို့ အမည်ပေးထားတဲ့ လေယာဉ်က အခြေစိုက်မှာ ဖြစ်ပါတယ်။ Raytheon ကုမ္ပဏီက ထုတ်လုပ်ထားပြီး ၃ နှစ်ကြာ စမ်းသပ်ထားတဲ့ လေယာဉ် ၂ စင်းကို လာမယ့် သတင်းပတ်မှာ တရားဝင် အကောင်ထည်ဖော် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီဧရိယာတွေမှာ နေရောညပါ စောင့်ကြည့်ပေးမှာ ဖြစ်သလို ကိုယ်ပိုင် လွတ်လပ်ခွင့်ကိုထိခိုက်နိုင်တဲ့ စိုးရိမ်ပူပန်မှုတွေ ဒေသခံတွေဆီမှာ ရှိနေတယ်လို့ ဘာလ်တီမောဆန်မ်း သတင်းစာက ရေးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up