လှိုင်မြို့နယ် ကိုရီးယားအကင်ဆိုင်တွင် ဂက်စ်မီးဖိုပေါက်ကွဲ (ဓာတ်ပုံ)
DVB
·
December 19, 2014
လှိုင်မြို့နယ် ၁၂ ရပ်ကွက် ရန်ကုန် တက္ကသိုလ်ဝင်း အိုင်တီစီ ကျောင်းပတ်လမ်း၊ ဂိတ် (၅-ခ) အနီးမှာ ဒီနေ့မနက် ၁၀ နာရီခွဲလောက်က ဂက်စ်မီးဖို ပေါက်ကွဲမှုကြောင့် ကလေးငယ်တွေ ဒဏ်ရရှိခဲ့ပါတယ်။
လက်တွန်းလှည်းနဲ့ ဈေးရောင်းချနေတဲ့ ကိုရီးယားအကင်ဆိုင်က ဂက်စ်မီးဖို ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုင်ရှင်အမျိုးသမီးနဲ့ အနီးနားက ကလေးငယ် ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန် ရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြပါတယ်။
ပေါက်ကွဲမှုကြောင့် ဆီပူလောင် ဒဏ်ရာရ ဆိုင်ရှင်အမျိုးသမီးကို ရန်ကုန်ဆေးရုံကြီးနဲ့ ကလေးငယ်တွေကိုတော့ ရန်ကင်း ကလေးဆေးရုံကြီးကို ပို့ဆောင် ကုသပေးနေတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - yangon police
[gallery ids="74256,74255,74254"]