A d v e r t i s e m e n t With Us

အစိုးရနှင့်အပစ်ရပ်စဲရေး ကိုလံဘီယာသူပုန်အဖွဲ့ တဖက်သတ်ကြေညာ

ကိုလံဘီယာနိုင်ငံရဲ့ FARC သူပုန်တွေက အစိုးရနဲ့ ရက်အကန့်အသတ်မရှိ အပစ်အခတ်ရပ်စဲရေးကို မနေ့က တဖက်သတ်ကြေညာလိုက်ပါတယ်။ farc-guerrillerosလာမယ့် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ဒီအပစ်အခတ်ရပ်စဲရေးကို စတင်မှာဖြစ်ပြီး တိုက်ခိုက်ခံရတဲ့အခါမှာသာ ပြန်ခုခံတဲ့အနေနဲ့ ပြန်တိုက်မယ်လို့ FARC သူပုန်တွေက ကြေညာခဲ့တာပါ။ FARC သူပုန်တွေရဲ့ စေ့စပ်ဆွေးနွေးရေးကိုယ်စားလှယ်က တိုက်ခိုက်မှုတွေကို အကန့်အသတ်မရှိ တဖက်သတ်ရပ်ဆိုင်းလိုက်တာလို့ ကျူးဘားနိုင်ငံမှာ ကြေညာခဲ့တာပါ။ နှစ် ၅၀ ကျော် တိုက်ခိုက်လာကြတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ ကိုလံဘီယာစစ်တပ်နဲ့ လက်ဝဲသူပုန်ခေါင်းဆောင်တွေ ကျူးဘားနိုင်ငံမှာ ဆွေးနွေးနေကြတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လက ဗိုလ်ချုပ်တဦးကို သူပုန်တွေက ဖမ်းဆီးခဲ့တာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကိုလံဘီယာစစ်တပ်က ရပ်ဆိုင်းခဲ့ပါတယ်။ အဲ့ဒီလို စစ်တပ်က တဖက်သတ်ရပ်ဆိုင်းမှုက လပေါင်းများစွာ ဆွေးနွေးညှိနှိုင်းလာခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကြီးအကျယ်ထိခိုက်ခဲ့ရပါတယ်။ FARC သူပုန် ပုန်ကန်ရေးဟာ ၁၉၆၄ ခုနှစ်က မြေယာတော်လှန်ရေးအဖြစ် စတင်ခဲ့တာဖြစ်ပြီး အလယ်အမေရိကနဲ့ တောင်အမေရိကတိုက်မှာ နှစ်ပေါင်းအရှည်ကြာဆုံး သူပုန်တော်လှန်ရေးဖြစ်ပါတယ်။ ပြည်တွင်းစစ်အတွင်း သေဆုံးသူ ၂ သိန်း ၂ သောင်းကျော်ခဲ့ပါတယ်။ လက်ရှိဆွေးနွေးပွဲတွေမှာ မြေယာပြုပြင်ပြောင်းလဲရေး၊ ကိုလံဘီယာနိုင်ငံရေးမှာ FARC သူပုန်တွေ ပါဝင်ခွင့်ရရေး၊ တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ်မှုရပ်ဆိုင်းရေး ကိစ္စတွေမှာ နှစ်ဖက် သဘောတူညီမှုရရှိထားပြီးဖြစ်ပါတယ်။ သူပုန်တပ် ဖျက်သိမ်းရေးနဲ့ ထိခိုက်နစ်နာမှုတွေအတွက် အစိုးရက လျော်ကြေးပေးရေးလို နောက်ဆုံးအဆင့် ဆွေးနွေးပွဲတွေလုပ်နေစဉ်မှာ ဆွေးနွေးပွဲရပ်ဆိုင်းသွားရတာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up