A d v e r t i s e m e n t With Us

ရွှေတိဂုံဘုရားကို လာဖူးသည့် ကမ္ဘာလှည့်ခရီးသွား စံချိန်တင်မြင့်တက်

မြန်မာပြည်ရဲ့ အထွတ်အမြတ်ထားရာ  ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမြော်ကြတဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားအရေအတွက်ဟာ လေးနှစ်အတွင်း အမြင့် ဆုံးစံချိန်တင် ရောက်ရှိခဲ့တယ်လို့  ရွှေတိဂုံ စေတီတော်ဂေါပကအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။ Tourists-Shwedagonရွှေတိဂုံစေတီတော်ကို ၂၀၁၄ နှစ်စကနေ နိုဝင်ဘာလကုန်အထိ ကမ္ဘာအနှံ့က နိုင်ငံခြားသားဧည့်သည် ၄၄,၂၉၄၇ လာရောက်ခဲ့ပြီး ဒါဟာ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း လာရောက်မှု အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ တနှစ်လုံးမှာတော့ နိုင်ငံခြားဧည်သည် ၄ သိန်း ၁ သောင်းကျော်ပဲ ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ရွှေတိဂုံစေတီတော်ကြီးဟာ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်မယ့် ကမ္ဘာ့လည့်ခရီးသွားတွေအတွက် မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့နေရာအဖြစ် ခရီးသွားကုမ္ပဏီတွေက ညွှန်းဆိုလေ့ရှိတာပါ။ ခရီးသွားအများစုက ရန်ကုန်မှာ ရွှေတိဂုံဘုရားကို အရင်ဆုံးလာရောက်ဖူးမြော်ကြပြီး  အခြားခရီးစဉ်တွေဖြစ်တဲ့ ပုဂံ၊ အင်းလေး စတဲ့ ဒေသတွေကို ဆက်သွားလေ့ ရှိကြပါတယ်။ ရွှေတိဂုံဘုရား ဂေါပကကတော့ ၁ လကို နိုင်ငံခြားသား ၁၀၀၀၀ လောက် ပိုဝင်လာနေပြီး ၀င်ကြေးအဖြစ် တဦးကို အမေရိကန်ဒေါ်လာ ၈ ဒေါ်လာ ကောက်ခံတဲ့အကြောင်းနဲ့ နိုင်ငံခြားသားကြောင့် လှူဒါန်းငွေတွေ ပိုရတယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up