A d v e r t i s e m e n t With Us

ရုရှားသမ္မတကို ခွင့်ပြုချက်မရဘဲ ဆန္ဒပြသူ အယောက် ၂၀ ဖမ်းဆီးခံရ

ရုရှားရဲတွေက သမ္မတဗလာဒီမာပူတင် နှစ်ချုပ်သတင်းစာရှင်းလင်းပွဲ ကျင်းပရာနေရာရဲ့ အပြင်ဘက်မှာ အခွင့်မရဘဲ ဆန္ဒပြသူ အနည်းဆုံး အယောက် ၂၀ ကို မနေ့က ဖမ်းဆီးလိုက်ပါတယ်။ သတင်းစာရှင်းလင်းပွဲ မစမီအချိန်တိုအတွင်း ဆန္ဒပြဖို့ လူမှုကွန်ရက်ကတဆင့် ဆော်သြခဲ့ကြတာပါ။ ရဲတွေက ဆန္ဒပြသူတွေကိုဖမ်းပြီး ဆန္ဒပြပွဲကို အမြန် နှိမ်နင်း လိုက်ပါတယ်။ putinပူတင်ဟာ စီးပွားရေးနဲ့ နိုင်ငံခြားရေးမူဝါဒကနေ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ဘဝအထိ သတင်းထောက်တွေမေးသမျှကို ၃ နာရီကျော်ကြာ ဖြေဆိုခဲ့ပါတယ်။ ရုရှားနိုင်ငံတွင်း ရူဘယ်ငွေတန်ဖိုးကျဆင်းမှုနဲ့ စီးပွားရေးပိတ်ဆို့မှုအပါအဝင် လတ်တလော အကျပ်အတည်းတွေကနေ ပိုသန်မာ တဲ့ နိုင်ငံ အဖြစ် ပြန်ပေါ်ထွက်လာမယ်လို့ ပူတင်က ပြောပါတယ်။ ဒါ့အပြင် ၂၀၁၈ မှာ သမ္မတအဖြစ် ပြန်ရွေးကောက်ခံဖို့ သူ့ဆုံးဖြတ်ချက်ဟာ တိုင်းပြည်ရဲ့အခြေအနေပေါ် မူတည်တယ်လို့ ပြောပါတယ်။ ပူတင်က  ရုရှားအစိုးရကို ကောင်းကောင်း အခိုင်အမာဖွဲ့စည်းထားပြီး သူ့ကို လူထုက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံနေလို့ အာဏာသိမ်းမှု ရှိမှာမဟုတ်ဘူးလို့ ပြောပါတယ်။ ယူကရိန်း သမ္မတ ယာနူကိုဗစ်ခ်ျက အင်အားသုံးဖို့ တွန့်ဆုတ်နေလို့ ယူကရိန်းမှာ အာဏာသိမ်းမှုကတော့ ဖြစ်နိုင်ခြေရှိတယ်လို့ ပြောပါတယ်။ ရုရှားသမ္မတက သူ့ဘဝမှာအချစ်ကို တွေ့ခဲ့တယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါသေးတယ်။ ပူတင်ဟာ မနှစ်က အစိုးရရုပ်သံမှာ သူ့ဇနီးနဲ့အတူ ပြည်သူရှေ့ထွက်ခဲ့တာပါ။ အိမ်ထောင်သက် နှစ် ၃၀ ကျော်ကြာခဲ့အပြီး သူတို့ ၂ ယောက် ခွဲနေတယ်လို့ ပြောခဲ့ပြီးတဲ့နောက် ကွာရှင်းခဲ့ပါတယ်။ သူတို့ ၂ ယောက်ဟာ ခင်မင်ရင်းနှီးသူတွေအဖြစ် ဆက်ရှိနေဆဲဖြစ်ပြီး ပုံမှန်တွေ့ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ သူ့ဘဝမှာ အချစ်ရှိကြောင်း ပြောပေမယ့် အသေးစိတ်အချက်အလက်ကိုတော့ မပြောပါဘူး။  အသက် ၆၂ နှစ်အရွယ် ပူတင်ဟာ သူ့ဘဝကို လူသိရှင်ကြားနေလေ့မရှိပါဘူး။ အသက် ၂၀ ကျော်အရွယ် သမီး ၂ ယောက်ရှိတာကိုလည်း လူသိနည်းပါတယ်။

A d v e r t i s e m e n t With Us

More News
Up