လီဗာပူးအသင်းဟာ တဖြည်းဖြည်းနဲ့ တိုးတက်လာနေတယ်လို့ ယုံကြည်ကြောင်း နည်းပြ ဘရန်ဒန် ရော်ဂျာစ်က ပြောဆိုလိုက်ပါတယ်။
[caption id="attachment_74209" align="alignright" width="331"]

ဘရန်ဒန် ရော်ဂျာစ်[/caption]
လိဂ်ဖလား ကွာတားဖိုင်နယ်မှာ ချန်ပီယံရှစ် တန်းက ဘိုနီမောက်ကို ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရတဲ့ ပွဲအပြီးမှာ ပြောဆိုလိုက်တာပါ။
လီဗာပူးဟာ အခုဆိုရင် အသင်းလိုက် စုစည်းမှုကို ပြန်ရနေပြီလို့ လီဗာပူးနည်းပြ က ပြောဆိုသွားပါတယ်။
လီဗာပူးဟာ ဒီနှစ်ရာသီ ပရီးမီးယားလိဂ် ရလဒ်တွေ မကောင်းဘဲ ရုန်းကန်နေရတာပါ။
လီဗာပူးဟာ ဒီနှစ်ရာသီမှာ အသင်းလိုက် စုစည်းမှုနဲ့ နားလည်မှု ရဖို့အတွက် အချိန်တော်တော်ကြာအောင် ယူခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဒီနှစ်ရာသီမှာ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ရာသီမှာတော့ အန်ဖီးကလပ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ လက်တကမ်းအကွာကို ရောက်ရှိခဲ့ပေမယ့် လောလောဆယ်မှာတော့ အဆင့် ၁၁ မှာ ရပ်တည်နေပါတယ်။