A d v e r t i s e m e n t With Us

အတွင်းခံ ဘောင်းဘီတို ရည်းစားက ခိုးယူဟု ရော်နယ်ဒိုပြော

ရည်းစားဖြစ်သူ အီရီနာရှိုက်က သူရဲ့ စီအာ ၇ ယောက်ျားဝတ် အတွင်းခံ ဘောင်းဘီတိုကို ခိုးယူတာ ရှုးရှုးမူးမူး စွဲလန်းနေတယ်လို့ စပိန် ရီးရဲမက်ဒရစ် ကလပ်အသင်းက ကစားသမား ခရစ္စတီယာရော်နယ်ဒိုက ပြောပါတယ်။ ရည်းစားက ဗီရိုထဲက ဘာတွေကို ခိုးယူသလဲဆိုတဲ့ မေးခွန်းကို သူကအခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။ The FIFA Ballon d'Or trophy sits on show“သူက ကျနော်ရဲ့ ယောက်ျားဝတ် အတွင်းခံတွေကို အမြဲခိုးယူလေ့ရှိပါတယ်၊ သူအိမ်မှာ မရှိတဲ့ အချိန် သူ့ဗီရိုကို ဖွင့်လိုက်ရင် ကျနော်ရဲ့ စီအာ ၇ အတွင်းခံ ဘောင်းဘီတိုတွေ အများကြီးပါ။ ဒါက ရယ်စရာကောင်းပါတယ်” လို့ ရော်နယ်လ်ဒိုက ပြောပါတယ်။ ၂၀၁၃ ခုနှစ် အောက်တိုဘာမှာ ဒီဘောင်းဘီတိုကြော်ငြာအတွက် ရော်နယ်လ်ဒိုက မော်ဒယ်အဖြစ် သရုပ်ဆောင်ပေးခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်ကတည်းက ရော်နယ်ဒိုနဲ့ အီရီနာရှိုက်တို့ တွဲခုတ်နေတာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up