A d v e r t i s e m e n t With Us

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများ လူမှုဖူလှုံရေးအာမခံရရန် တောင်းဆို

ချင်းမိုင်ခရိုင်ဝန်ရုံး တိုင်တန်းစာလက်ခံဌာန ညွှန်ကြားရေးမှူး နိုင်းဖုန်းကျိုင် ရတ်ထမ်းက ရေ့ပြောင်းအလုပ်သမားတို့ တောင်းဆိုချက်များ လက်ခံနေစဉ်
ရွှေ့ပြောင်းအလုပ်သမားတိုင်း ထိုင်းအစိုးရက ၀န်ဆောင်ပေးနေတဲ့ လူမှုဖူလှုံရေး အာမခံရရှိဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အလုပ်သမား အဖွဲ့အစည်းတွေက ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများနေ့မှာ တောင်းဆိုလိုက်ပါတယ်။ [caption id="attachment_74197" align="aligncenter" width="532"]ချင်းမိုင်ခရိုင်ဝန်ရုံး တိုင်တန်းစာလက်ခံဌာန ညွှန်ကြားရေးမှူး နိုင်းဖုန်းကျိုင် ရတ်ထမ်းက ရေ့ပြောင်းအလုပ်သမားတို့ တောင်းဆိုချက်များ လက်ခံနေစဉ် ချင်းမိုင်ခရိုင်ဝန်ရုံး တိုင်တန်းစာလက်ခံဌာန ညွှန်ကြားရေးမှူး နိုင်းဖုန်းကျိုင် ရတ်ထမ်းက ရေ့ပြောင်းအလုပ်သမားတို့ တောင်းဆိုချက်များ လက်ခံနေစဉ်[/caption] ထိုင်းဥပဒေအရ  ရွှေ့ပြောင်းအလုပ်သမားတွေလည်း လူမှုဖူလှုံရေးအာမခံကတ် လုပ်ခွင့်ရှိပေမယ့် အလုပ်ရှင်တွေက လိုက်နာဆောင်ရွက်ပေးမှု မရှိတာ၊ လူမှုဖူလှုံရေးရုံးက တာဝန်ရှိသူတွေကလည်း မသိကျိုးကျွံပြုနေတာတွေကြောင့်  အစိုးရအနေနဲ့ ဌာနဆိုင်ရာကို ကြပ်မတ် အရေးယူဆောင်ရွက်ပေးဖို့  ချင်းမိုင်ခရိုင်ဝန်ဆီ တောင်းဆိုခဲ့တယ်လို့  ရွှေ့ပြောင်း အလုပ်သမား စည်းလုံးညီညွတ်ရေးအဖွဲ့ အတိုင်ပင်ခံ  ခွန်ဆုဂန္ဒားက ဒီဗွီဘီကို ပြောပါတယ်။ “ဥပဒေကတော့ ချမှတ်ထားတာရှိပါတယ်။ ဒါပေမယ့် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မိမိဖာသာ လုပ်လို့မရဘဲ အလုပ်ရှင်က လုပ်ပေးမှရတယ်။ အလုပ်ရှင်ဟာ အလုပ် သမားအတွက် အာမခံကို ၅ ရာခိုင်နှုန်း ထည့်ပေးရပါမယ်။ အဲဒါကို အလုပ်ရှင်အများစုက ငွေမကုန်ချင်တာလား။ တာဝန်မခံချင်တာလားတော့ မသိဘူး။ လိုက်မလုပ်ပေးဘူး။ လုပ်လို့ရတဲ့ လူတွေလည်း ရုံးမှာသွားဆက်သွယ်တဲ့အခါ လုပ်ထုံးလုပ်နည်းတွေ သေချာရှင်းမပြဘူး။ ဘာသာပြန်လည်း မရှိဘူး။ ယူရတာခက်တော့ အလုပ်သမားတွေက မယူချင်တော့ဘူး။ ဒါကြောင့် လူမှုဖူလှုံရေး အခွင့်အရေးတွေပါ ဆုံးရှုံးနေပါတယ်။” ချင်းမိုင်က ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ အိမ်ဖော် အစရှိတဲ့ လုပ်ငန်းခွင်အသီးသီးက ရွှေ့ပြောင်းအလုပ်သမားကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော်ဟာ ဒီဇင်ဘာ ၁၈ ရက်နေ့က ချင်းမိုင်မြို့က ထားလင်းဟိုတယ်မှာ အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ လာရောက်ဆွေးနွေးဖလှယ်ပြီး လိုလားချက်တွေကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အလုပ်သမားတွေက အလုပ်သမားမှတ်ပုံတင်ကတ်၊ နိုင်ငံသားစိစစ်ရေးနဲ့ နိုင်ငံကူး လက်မှတ်တွေ လုပ်ဆောင်ရာမှာ လုပ်ငန်းစဉ်ရှုပ်ထွေးမှုကြောင့် ပွဲစားတွေ၊ ကုမ္ပဏီတွေနဲ့ လုပ်ဆောင်ရပြီး ကုန်ကျစရိတ်များတဲ့ပြဿ  နာ၊ အလိမ်ခံရတဲ့ ပြဿ   နာတွေလည်း တင်ပြခဲ့ကြပါ တယ်။ တောင်းဆိုချက်စာလွှာကိုတော့ ချင်းမိုင်ခရိုင်ဝန်ရုံး တိုင်တန်းစာများလက်ခံရာဌာနကို ပေးအပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက် ယဉ်ကျေးမှုအနုပညာဗဟိုဌာနမှာလည်း ဒီကနေ့ မနက်က အခမ်းအနားကျင်းပပြီး ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ တွေ့ကြုံနေရတဲ့ ပြဿ  နာအခက်အခဲတွေ ဆွေးနွေးခဲ့တယ်လို့ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။ “ဒီပွဲကတော့ အလုပ်သမားအဖွဲ့အစည်းတွေရော၊ လုပ်ငန်းရှင်အသင်းနဲ့ အိုင်အယ်လ်အို ကိုယ်စားလှယ်တွေပါ ပတမဆုံးအကြိမ် မျက်နှာစုံညီပါဝင်တဲ့   ဆွေးနွေးပွဲပဲ ဖြစ်ပါတယ်။  ကျနော်တို့ဘက်က လုပ်အားခအပြည့်မရသေးတာ၊ ထိခိုက်ဒဏ်ရာရ နစ်နာကြေးတွေ လွယ်လင့်တကူမရတာ၊ ထိုင်းအလုပ်သမားတွေနဲ့ အခွင့်အရေး တန်းတူ မရသေးတဲ့အကြောင်းတွေ ပြောခဲ့ပါတယ်။ လုပ်ငန်းရှင်အဖွဲ့ချုပ် ကိုယ်စားလှယ် ဘက်ကလည်း ပြဿ နာကို အတတ်နိုင်ဆုံး ၀ိုင်းဝန်းကူညီဖြေရှင်းပေးမယ့်အကြောင်း ပြောခဲ့တယ်။” ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားပေါင်း ၃ သန်းကျော် ရွှေ့ပြောင်းအလုပ်သမားအဖြစ် ၀င်ရောက်လုပ်ကိုင်နေတယ်လို့ မြန်မာအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာမှာ တနေ့တခြားတိုးပွားနေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ မိသားစုဝင်တွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးဖို့ ရည်ရွယ်ပြီး  ၂၀၀၀ ပြည့်နှစ်  ဒီဇင်ဘာလမှာ  ကုလသမဂ္ဂအထွေထွေညီလာခံက နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများနေ့အဖြစ် သတ်မှတ်ပေးခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up