A d v e r t i s e m e n t With Us

ဆီရီယာလီယွန်တွင် အီဘိုလာပျံ့နှံ့မှု လျော့ကျရန် မျှော်မှန်း

ဓာတ်ပုံ - ရိုက်တာ
ဆီရီယာလီယွန်နိုင်ငံအတွင်း အီဘိုလာဗိုင်းရပ်စ်ပျံ့ပွားမှုဟာ လာမယ့်သီတင်းပတ် အနည်းငယ်အတွင်းမှာ လျော့ကျသွားဖို့ မျှော်လင့်ထားတယ်လို့ ရောဂါထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူးက ဒီဇင်ဘာလ ၁၇ ရက်နေ့က ပြောပါတယ်။ [caption id="attachment_74161" align="alignright" width="395"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] ဘယ်တော့မှာ ဘယ်လောက်ကျမယ်ဆိုတာကို ဟောကိန်းမထုတ်နိုင်ပေမယ့် လက်ရှိအားထုတ်မှု တွေကနေတဆင့် သီတင်းပတ်အတော်များများအတွင်း သိသိသာသာ ကျဆင်းသွားမယ်လို့ မျှော်လင့်နိုင်ကြောင်း တွမ်ဖရေဒန်က မြို့တော် ဖရီးတောင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဆီရီယာလီယွန်အစိုးရက အီဘိုလာကူးစက်ခံ လူနာတွေကို တအိမ်တက်ဆင်း လိုက်ရှာမှု စတော့မယ်လို့ ဒီဇင်ဘာ ၁၇ ရက်နေ့က ကြေညာခဲ့ပါတယ်။ ကူးစက်မှုထိန်းချုပ်ရေး အားထုတ်မှုသစ်အနေနဲ့ နိုင်ငံတွင်း ခရီးသွားကန့်သတ်ချက်ကိုလည်း စည်းကြပ်ပြဋ္ဌာန်းလိုက်ပါတယ်။ ဆီရီယာလီယွန်၊ ဂီနီ နဲ့ လိုက်ဘေးရီးယားတို့ဟာ လတ်တလော အီဘိုလာကူးစက်မှု အဆိုးဆုံးသက်ရောက်ခံနိုင်ငံတွေပါ။ အီဘိုလာကူးစက်မှု တုံ့ပြန်ရေး ကူညီဖို့ အီသီယိုပီးယား ကျန်းမာရေးလုပ်သား ၈၇ ယောက် ဒီဇင်ဘာ ၁၆ ရက်နေ့က လိုက်ဘေးရီးယားနိုင်ငံကို ရာက်လာပါတယ်။ လိုက်ဘေးရီးယားအစိုးရကတော့ ခရစ္စမတ်အမီနိုင်ငံတွင်း အီဘိုလာအမြစ်ပြတ်ဖို့ ရည်မှန်းထား ပါတယ်။ ဆီရီယာလီယွန်နိုင်ငံသားတွေအနေနဲ့ တိုင်းပြည်ရဲ့ တိုးတက်မှုကို အိမ်နီးချင်းနိုင်ငံတွေနဲ့ မနှိုင်း ယှဉ်ဘဲ ဗိုင်းရပ်စ်ကို တိုက်ရာမှာ အောင်မြင်မှုကနေ သင်ယူဖို့ ဖရေဒန်က ပြောပါတယ်။ ရောဂါပိုးဟာ မတူ ခြားနားတဲ့နိုင်ငံတွေမှာ မတူခြားနားတဲ့အဟုန်နဲ့ ကူးစက်နေတယ်လို့လည်း ပြောပါတယ်။ ဆီရီယာလီယွန်နိုင်ငံတွင်း အတည်ပြုထားတဲ့ အီဘိုလာကူးစက်ခံရသူ အယောက် ၁၈၀၀၀ ထဲက တဝက်ကျော်ကို ဆေးကုသပေးခဲ့ပြီးပါပြီ။ သမ္မတ အားနက်စ် ဘိုင် ကိုရိုမာကတော့ ခရစ္စမတ်နေ့မှာ ဝတ်ကျောင်း ဝန်ဆောင်မှုပြီးတာနဲ့ ဝတ်ပြုသူတွေ ချက်ချင်းပြန်ရမယ်လို့ အမိန့်ထုတ်ထားပါတယ်။ နိုင်ငံတွင်း ပွဲတော် လူစုမှု အားလုံးကိုလည်း ပိတ်ပင်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up