A d v e r t i s e m e n t With Us

အမေရိကန်နှင့် ကျူးဘား သံတမန်အဆက်အသွယ် ပြန်လည်ထားရှိမည်

အမေရိကန်သမ္မတ အိုဘားမားနှင့် ကျူးဘား သမ္မတ ကတ်စရို
အမေရိကန်နိုင်ငံနဲ့ ကျူးဘားနိုင်ငံတို့ နှစ်ပေါင်း ၅၀ ကျော်ကြာ သံတမန်အဆက်အသွယ် ပြတ်ရာကနေ သံတမန်အဆက်အသွယ် ပြန်ထားဖို့ ၂ နိုင်ငံအစိုးရတွေ ဒီဇင်ဘာလ ၁၇ ရက်နေ့က သဘောတူလိုက်ကြပါတယ်။ [caption id="attachment_74155" align="alignright" width="407"]အမေရိကန်သမ္မတ အိုဘားမားနှင့် ကျူးဘား သမ္မတ ကတ်စရို အမေရိကန်သမ္မတ အိုဘားမားနှင့် ကျူးဘား သမ္မတ ကတ်စရို[/caption] “ဒီနေ့ ကျူးဘားပြည်သူတွေနဲ့ ဆက်ဆံရေးကို အမေရိကန်နိုင်ငံက ပြောင်းလဲလိုက်ပါပြီ။ နှစ်နိုင်ငံအဆက်အသွယ် ပုံမှန်ပြန်ထားပြီး နှစ်နိုင်ငံပြည်သူတွေအတွက် အခွင့်အလမ်းတွေကို ပြန်ဖွင့်ကြမယ်။ သမိုင်းစာမျက်နှာသစ် ပြန်ဖွင့်လှစ်ကြမယ်”လို့ အမေရိကန်သမ္မတ အိုဘားမားက ပြောဆိုပါတယ်။ အခုလို သံတမန်အဆက်အသွယ်ပြန်လုပ်ဖို့ နှစ်နိုင်ငံသမ္မတတွေ ၁၈ လကြာ လျှို့ဝှက်ဆွေးနွေးခဲ့ကြတာပါ။ ဒီဇင်ဘာလ ၁၆ ရက်နေ့က သမ္မတ ၂ ဦး တယ်လီဖုန်းဆက်သွယ်ပြီး နှစ်ဖက်အကျဉ်းသားတွေ ပြန်ဖလှယ်ရေး၊ သံရုံးတွေ ပြန်ဖွင့်ရေးနဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ဖြေလျော့ရေး ဆွေးနွေး သဘောတူခဲ့ကြတာပါ။ ကျူးဘားနိုင်ငံမှာ ၅ နှစ်ကြာ ဖမ်းဆီးထောင်ချခံထားရတဲ့ အမေရိကန်နိုင်ငံသား အလန် ဂရော့စ် နဲ့ နှစ်ပေါင်း ၂၀ နီးပါးလောက် ထိန်းသိမ်းခံခဲ့ရတဲ့ အမေရိကန်ထောက်လှမ်းရေးတဦးတို့ကို ကျူးဘားနိုင်ငံက ပြန်လွှတ်ပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ထောင်ဒဏ် ၁၆ နှစ်တောင် ကျခံရခဲ့ပြီဖြစ်တဲ့ ကျူးဘားထောက်လှမ်းရေး ၃ ဦးကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ကျူးဘားသမ္မတ ကတ်စရို ကလည်း ရုပ်မြင်သံကြား မိန့်ခွန်းပြောကြားခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၊ ဗာတီကန်နန်းတော်နဲ့ ကနေဒါနိုင်ငံတွေရဲ့ ကြားဝင်အားပေးကူညီမှုတွေကို ကျေးဇူးတင်ရှိတယ်လို့ ပြောဆိုပါတယ်။ ကျူးဘားနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု ပြန်ရုပ်သိမ်းနိုင်ဖို့ကတော့ အမေရိကန်လွှတ်တော်တွေက ထောက်ခံပေးမှ ရမှာပါ။ အတိုက်အခံ ရီပတ်ကလစ်ကန်ပါတီက လာမယ့် ဇန်န၀ါရီလက စပြီး လွှတ်တော် ၂ ရပ်လုံးကို ထိန်းချုပ်တော့မှာဖြစ်ပြီး ကျူးဘားနဲ့ ပုံမှန်ဆက်ဆံရေးပြန်ထားဖို့ကိုလည်း ရီပတ်ပလီကန်ပါတီက ဆန့်ကျင်ကန့်ကွက်နေကြတာပါ။

A d v e r t i s e m e n t With Us

More News
Up