၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံတကာစောင့်ကြည့်လေ့လာသူတွေကို ဖိတ်ခေါ်ပြီး လွတ်လပ်မျှတပွင့်လင်းမြင်သာစွာ ကျင်းပပေးသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုဘယ်လ်ဆုရှင်နဲ့ ကမ္ဘာ့ခေါင်းဆောင်ဟောင်းတွေကို တွေ့ဆုံ ကတိပေး ပြောကြားလိုက်ပါတယ်။
[caption id="attachment_53519" align="alignright" width="392"]

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲများ ရေတွက်နေစဉ်[/caption]
မနေ့က နေပြည်တော်ကိုရောက်လာတဲ့ လန်ဒန်အခြေစိုက် The Elders အဖွဲ့က နော်ေ၀၀န်ကြီးချုပ်ဟောင်း ဒေါက်တာ ဂရိုဟာလမ်ဘရန်လန်၊ ဖင်လန်သမ္မတဟောင်း ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မာတီ အာတီဆာရီနဲ့ ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန် ဟောင်း လခ်ဒါဘာဟီမီ၊ ပါကစ္စတန်လူ့အခွင့်အရေးလှုပ်ရှားသူ ဟီနာဂျီလာနီတို့နဲ့ တွေ့ဆုံပြောကြားလိုက်တာပါ။
ကော်မရှင်အနေနဲ့ လတ်တလော ရွေးကောက်ပွဲကျင်းပချိန်မှာ နိုင်ငံတကာနဲ့ ပြည်တွင်းက လေ့လာစောင့်ကြည့်သူတွေကို ဖိတ်ခေါ်သွားမယ့်အကြောင်းနဲ့ လတ်တလော မဲစာရင်းပြုစုတဲ့လုပ်ငန်းတွေနဲ့ မဲဆန္ဒရှင် ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။
ကမ္ဘာ့ခေါင်းဆောင်ဟောင်းများအဖွဲ့ဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲမှာ တပ်မတော်ရဲ့ပါဝင်မှု အခန်းကဏ္ဍ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
ဒီအဖွဲ့ဟာ မြန်မာနိုင်ငံကို ဒီဇင်ဘာလက ၁၄ ရက် ကနေ ၁၈ ရက်အထိ လာရောက်တာဖြစ်ပြီး တတိယအကြိမ် မြန်မာခရီးစဉ်နဲ့ပတ်သက်လို့ ဒီကနေ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ရှိပါတယ်။
The Elders အဖွဲ့ကို ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အခွင့်အရေးအတွက် အတူ လက်တွဲကြိုးပမ်းကြဖို့ တောင်အာဖရိကခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် နယ်ဆင်မန်ဒဲလားက တည်ထောင်ခဲ့တာဖြစ်ပြီး အဖွဲ့မှာ ဒက်စမွန်တူးတူး၊ ကိုဖီအာနန်၊ ဂျင်မီကာတာ၊ မယ်ရီ ရော်ဘင်ဆင်စတဲ့ ထင်ရှားတဲ့ ကမ္ဘာ့ခေါင်းဆောင်ဟောင်းတွေ ဦးဆောင်ပါဝင်ပါတယ်။